Google Meet ရဲ့ Video Call မှာ လူ ၁၆ ယောက်အထိ မြင်ရပြီ

Google ဟာ Messaging Service နယ်ပယ်မှာ အောင်မြင်ဖို့ ရုန်းကန်နေရပါတယ်။ အရင်က Google Hangouts ကို မကြာခင်က Google Meet လို့ နာမည်ပြောင်းလိုက်ပါတယ်။ တစ်ကမ္ဘာလုံးမှာ Messenger တွေကနေပဲ ဆက်သွယ်နေကြတဲ့အတွက် Google ကလည်း Meet မှာ စွမ်းရည်အသစ်တွေကို ထည့်သွင်းပေးလိုက်ပါတယ်။

အခုဆိုရင် Google Meet ရဲ့ Video Call မှာ Grid ၁ ခုထဲ လူ ၁၆ ယောက်အထိ ပါဝင်နိုင်ပြီ ဖြစ်ပြီး ပြိုင်ဖက် Zoom ရဲ့ Layout နဲ့တူသွားပါတယ်။ အရင်ကတော့ Google ဟာ လူ ၄ ယောက်အထိပဲ ဖန်တီးပေးထားနိုင်ပါတယ်။ ဒါပေမယ့်လည်း Zoom ရဲ့ Video Call မှာ လူပေါင်း ၄၉ ယောက်အထိတောင် ပြသနိုင်တာက Google Meet ထက် အများကြီး အသာရနေပါတယ်။

အခုပြောနေတာက စကရင် ပေါ်မှာ မြင်ရတဲ့ လူအရေအတွက် ဖြစ်ပါတယ်။ Video Call မှာ ပါဝင်နိုင်တဲ့ လူ အရေအတွက်က ဒီထက်များပါတယ်။ G Suite Enterprise Users တွေဟာ Meet မှာ လူပေါင်း ၂၅၀ အထိ ပါဝင်နိုင်ပါတယ်။ G Suite Basic က ၁၀၀ နဲ့ G Suite for Business က ၁၅၀ အထိ ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် Gmail ကနေ Meet Calls တွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပြီး အရင်က Hangouts နဲ့ တူသွားပါတယ်။

Ref : tnw

%d bloggers like this: