Facebook က Twitch နဲ့ YouTube ကို ယှဉ်ပြိုင်ဖို့ Gaming App ကို ဖြန့်ချိတော့မည်

ဂိမ်း ကစားတာကို အွန်လိုင်းမှာ Live လွှင့်တာ ရေပန်းစားနေပါတယ်။ အဲဒီ နယ်ပယ်မှာ Twitch နဲ့ YouTube က ဆရာကြီးတွေပါ။ အခုတော့ Facebook က သူတို့ကို ယှဉ်ပြိုင်ဖို့ Gaming App ၁ ခုကို ဖြန့်ချိတော့မယ်လို့ သတင်းထွက်လာပါတယ်။ New York Times က ဒီနေ့ ကြေညာမယ်လို့ ပြောပြီး အစောပိုင်းမှာ Android အတွက်ပဲ ဖြန့်ချိပေးမှာပါ။ Apple ခွင့်ပြုတာနဲ့ iOS အတွက် ဖြန့်ချိပေးနိုင်ပါတယ်။

ကိုရိုနာဗိုင်းရက်စ်ကြောင့် လူတွေ အိမ်မှာပဲ နေနေကြတဲ့အတွက် Facebook Gaming မှာ ကစားသူနဲ့ ကြည့်ရှုသူတွေ တိုးနေပါတယ်။ အဲဒီအတွက် Facebook က သီးခြား App ဖြန့်ချိဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ အရင်ကတော့ ဇွန်လကျမှ ဖြန့်ချိဖို့ လျာထားခဲ့ပေမယ့် လက်ရှိ အခြေအနေအရ အချိန်ကို ရှေ့တိုးလိုက်တာပါ။

Facebook ဟာ Gaming နယ်ပယ်မှာ ရင်းနှီးမြှပ်နှံခဲ့တာ နှစ်အနည်းငယ် ကြာနေပါပြီ။ Facebook ကို လစဉ် သုံးစွဲသူ ၂.၅ ဘီလီယမ်ကျော် ရှိနေပေမယ့် Game Streaming အပိုင်းမှာ Amazon နဲ့ Google တို့ရဲ့ Twitch နဲ့ YouTube တို့ထက် နောက်ကျကျန်နေပါတယ်။ အခုတော့ Facebook က ပြိုင်ဖက်တွေကို အမှီလိုက်ဖို့ ကိုယ်ပိုင် App ၁ ခုကို ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။

Ref : theverge

%d bloggers like this: