Google က Apple Card ကို ပြိုင်မယ့် Smart Debit Card ကို ဖန်တီးနေ

Apple က မတ်လမှာ Apple Card နဲ့ Huawei က ပြီးခဲ့တဲ့ ၁ ပတ်က Physical Payments Card ကို ကြေညာခဲ့ပါတယ်။ အခုတော့ Google ကလည်း ကိုယ်ပိုင် Physical Payments Card ကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပြီး Google Card လို့ နာမည်ပေးထားမှာပါ။

Apple Card ကို Matercard နဲ့ Goldman Sachs တို့နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး Google Card ကတော့ Sanford Federal Credit Union နဲ့ Citi တို့ အပါအဝင် မတူတဲ့ ဘဏ် ပါတနာတွေနဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Debit Card ဖြစ်ပါတယ်။ Google Card မှာ Visa ထောက်ပံ့တဲ့ Chip ပါလာမှာ ဖြစ်ပြီး Google ဟာ Mastercard လို တခြား Payment Processor တွေနဲ့ အနာဂတ်မှာ ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။

Google Card ကို စတိုးဆိုင်တွေမှာ Contactless Payment နဲ့ ဈေးဝယ်ရာမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Bluetooth Mobile Payments အတွက် သုံးနိုင်မယ့် Google Card Version ၁ မျိုးလည်း ထွက်လာမှာပါ။ Virtual Card နဲ့ အွန်လိုင်းမှာ ဈေးဝယ်နိုင်မှာပါ။ Users တွေက Google App ကနေ ငွေပေးချေမှုတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပြီး ကဒ်ပျောက်သွားရင်လည်း Lock လုပ်နိုင်မှာပါ။ Google Card ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: