Apple က တောင်ကိုရီးယားက စလို့ စတိုးတွေ ပြန်ဖွင့်တော့မည်

Apple က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ စတိုးတွေ ပြန်ဖွင့်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ Apple က အမေရိကန်မှာ မေလအတွင်း စတိုးတွေ ပြန်ဖွင့်မယ်လို့လည်း ပြောထားပါတယ်။ Apple ဟာ ဒီနှစ် အစောပိုင်းက တရုတ်မှာ စတိုးတွေကို စပိတ်ခဲ့ပြီး မတ်လမှာ တစ်ကမ္ဘာလုံးက စတိုး ၄၅၈ ခုကို ပိတ်ခဲ့ပါတယ်။

Apple က တောင်ကိုရီးယားဟာ ကိုရိုနာဗိုင်းရက်စ်ကို ကောင်းကောင်းထိန်းချုပ်နိုင်နေပြီလို့ ပြောပါတယ်။ တောင်ကိုရီးယားမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ကူးစက်သူ ၁၀,၅၀၀ နဲ့ သေဆုံးသူ ၂၂၉ ယောက်ရှိခဲ့ပါတယ်။ အခုတော့ တောင်ကိုရီးယားမှာ ဗိုင်းရက်စ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီလို့ Apple က ယူဆတဲ့အတွက် စတိုးတွေ ပြန်ဖွင့်တော့မှာပါ။ ပြီးခဲ့တဲ့ လကလည်း Apple ဟာ တရုတ်က စတိုး ၄၂ ခုကို ပြန်ဖွင့်ခဲ့ပါတယ်။

ဒါပေမယ့် Apple ဟာ စတိုးတွေ ဖွင့်ချိန်ကို လျှော့ချမှာ ဖြစ်ပြီး ဖုန်းရောင်းတာထက် ပြင်တာတွေကို အဓိက လုပ်ဆောင်မှာပါ။ ကုမ္ပဏီက ဖုန်း ဝယ်ချင်သူတွေကို အွန်လိုင်းကနေ အော်ဒါတင်ပြီး စတိုးမှာ လာယူဖို့ အကြံပေးထားပါတယ်။ CEO Tim Cook က အွန်လိုင်း အစည်းအဝေး ၁ ခုမှာ ဝန်ထမ်းတွေ ရုံးပြန်တက်ရမယ့် အချိန်ကို မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

Ref : theverge

%d bloggers like this: