Facebook က ကိုရိုနာဗိုင်းရက်စ် သတင်းအမှား ဖတ်မိသူတွေကို အသိပေးမည်

Facebook က ကိုရိုနာဗိုင်းရက်စ် သတင်းအမှား ဖတ်မိသူတွေကို အသိပေးမယ်လို့ ကြေညာလိုက်ပါတယ်။ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သတင်းအမှားတွေကို Like, Share, Comment လုပ်မိသူတွေကို News Feed မှာ အသိပေးမှာပါ။ အဲဒီ အသိပေးစာကို နှိပ်ရင် သတင်းအမှန်တွေကိုပဲ ပြသနေတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ Page ကို ရောက်သွားမှာပါ။

Facebook ရဲ့ ဒုတိယ ဥက္ကဌ Guy Rosen က “ ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေဟာ အန္တရာယ်ရှိပြီး အဲဒီ သတင်းတွေကို ဖိတ်မိသူတွေကို အသိပညာပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို ကျန်းမာရေး အာဏာပိုင်တွေရဲ့ သတင်းအရင်းအမြစ်တွေဆီ ခေါ်သွားဖို့ လိုပါတယ်။ ဒီနည်းနဲ့ သတင်းအမှားတွေကို Facebook ကနေ တိုက်ထုတ်မှာပါ။ “ လို့ ပြောပါတယ်။

သုတေသန အဖွဲ့အစည်း Avaaz က Facebook မှ သတင်းအတု ပြဿနာကို ထောက်ပြပြီးနောက်မှာ ဒီသတင်းထွက်လာတာပါ။ Avaaz က သတင်းမှားနေတဲ့ Facebook က ပို့စ်နဲ့ ဗီဒီယို ၁၀၄ ခုကို ဖော်ထုတ်ပြသခဲ့ပါတယ်။ အဲဒီ သတင်းတွေကို မျှဝေထားမှု အကြိမ်ဟာ ၁.၇ သန်းရှိပြီး ကြည့်ရှုသူ ၁၁၇ သန်းတောင် ရှိခဲ့ပါတယ်။ Avaaz က Facebook ဟာ သတင်းအမှားတွေကို စိစစ်ဖို့ ၂၂ ရက်တောင် ကြာတယ်ဆိုတာကိုလည်း ထောက်ပြခဲ့ပါတယ်။

Ref : tnw

%d bloggers like this: