48MP ကင်မရာ ပါတဲ့ Honor 9X Lite ကို ကြေညာပြီ

Honor 9X ကို ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့ပြီး အခုတော့ Lite Version ကို ချပြလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး Honor က FullView Display လို့ ခေါ်ပါတယ်။ Octa-core Kirin 710 SoC မောင်းနှင်ထားပြီး 4GB RAM , 128GB Storage ပါပါတယ်။

အနောက်ဘက်မှာ 48MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာကို Notch မှာ ထည့်သွင်းထားပါတယ်။ Android 9 Pie ပဲပါတာက သိပ်မမိုက်ပါဘူး။ 10W Charging ထောက်ပံ့တဲ့ 3,750mAh ဘက်ထရီနဲ့ USB Type-C ပါပါတယ်။

HONOR 9X Lite specifications

• 6.5-inch (2340 × 1080 pixels) Full HD+ 19:5:9 2.5D curved glass display,
• Octa-Core Kirin 710 12nm (4 x 2.2GHz Cortex-A73 +4 x 1.7GHz Cortex-A53) with ARM Mali-G51 MP4 GPU
• 4GB RAM with 128GB storage; expandable with microSD
• Android 9 (Pie) with EMUI 9
• Dual SIM (nano + nano + microSD)
• 48MP rear camera with LED flash, f/1.8 aperture, 2MP secondary camera, f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• Fingerprint sensor
• Dimensions: 160.4×76.6×7.8mm; Weight: 175g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz / 5GHz), Bluetooth 4.2, GPS + GLONASS
• 3750mAh (typical) / 3650mAh (minimum) battery

Honor 9X Lite အတွက် အနက်နဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး ၁၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်းလောက်ရှိပြီး ဖင်လန်မှာ ၃၀ ရက်နေ့ကြိုတင်မှာယူနိုင်မှာပါ။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: