Realme Narzo 10 နဲ့ Narzo 10A ကို မတ်လ ၂၆ ရက်နေ့မှာ ကြေညာမည်

Realme က Narzo 10 နဲ့ Narzo 10A ကို အိန္ဒိယမှာ မတ်လ ၂၆ ရက်နေ့ ကြေညာဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် နောက်ဆုတ်ခဲ့ပါတယ်။ အခုတော့ ဒီလ ၂၁ ရက်နေ့မှာ အွန်လိုင်းကနေ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ မိတ်ဆက်ပွဲကို Realme India ရဲ့ Official Channels တွေကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။

Realme က Narzo 10 ဖုန်း ၂ လုံးရဲ့ သတင်းအချက်အလက် တချို့ကိုလည်း အသိပေးထားပြီး Narzo 10 မှာ 48MP အပါအဝင် အနောက်ကင်မရာ ၄ လုံးနဲ့ 10A မှာ အနောက်ကင်မရာ ၃ လုံး ပါလာမှာပါ။ Realme က ၆.၅ လက်မ Waterdrop Notch မျက်နှာပြင်တွေ၊ Quick Charge ပါတဲ့ 5,000mAh ဘက်ထရီနဲ့ ဂိမ်းအတွက် အထူး တည်ဆောက်ထားတဲ့ ထိပ်တန်းအဆင့် ပရော်ဆက်ဆာပါမယ်လို့ ပြောပါတယ်။

Promo Page မှာ Narzo 10 ဖုန်း ၂ လုံးရဲ့ ဓါတ်ပုံကို ပြသထားပြီး အနောက်ဘက် ဒီဇိုင်းကို လေ့လာခွင့်ရလာပါတယ်။ Narzo 10 ဟာ အသစ်စက်စက် ကြေညာထားတဲ့ Realme 6i နဲ့ တူပြီး 10A အတွက် အပြာရောင် ထုတ်လုပ်ထားတာမြင်ရပါတယ်။ Narzo 10 ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ Narzo 10 ဟာ Realme 6i ကို ဆန်းသစ်ထားတာဖြစ်ပြီး 10A ဟာ C3 ရဲ့ အနောက်ကင်မရာ ၃ လုံးပါတဲ့ မော်ဒယ် ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ သူတို့ရဲ့ သတင်းအချက်အလက်တွေ ထပ်ထွက်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: