ကိုရိုနာဗိုင်းရက်စ်ကြောင့် Amazon ရဲ့ စတော့ရှယ်ယာတွေ စံချိန်တင် ထိုးတက်

ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး Jeff Bezos က ထောပြီးရင်း ထောနေပါပြီ။ ကိုရိုနာဗိုင်းရက်စ်ကြောင့် သူပိုင်တဲ့ Amazon မှာ ရောင်းအား အရမ်းထောင်တက်နေပြီး ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ဈေးဟာ စံချိန်တင် မြင့်တက်နေပါတယ်။ ရှယ်ယာ ၁ ခုရဲ့ဈေးဟာ ဒေါ်လာ ၂၂၈၀ ကျော်ရှိလာပြီး အရင်စံချိန်ဖြစ်တဲ့ ဒေါ်လာ ၂၁၇၀ ထက် ၅ ရာခိုင်နှုန်း ပိုများသွားပါတယ်။

ကိုရိုနာဗိုင်းရက်စ်ကြောင့် စီးပွားရေးတော်တော်များများ ထိခိုက်နေပေမယ့် စတိုးဆိုင်လို လုပ်ငန်းတွေကတော့ ရောင်းအား အရမ်း တိုးတက်နေပါတယ်။ Social Distancing ကြောင့် လူတွေဟာ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို အွန်လိုင်းကနေပဲ ဝယ်ယူနေကြပါတယ်။

Amazon ဟာ မကြာခင်ကပဲ ဝန်ထမ်း ၁၇၅,၀၀၀ ကို ခေါ်ယူနေပါတယ်။ တစ်ဖက်မှာလည်း ကုန်လှောင်ရုံက ဝန်ထမ်းမှာ ဗိုင်းရက်စ် ကူးစက်မှု ဖြစ်ခဲ့တဲ့အတွက် ကုမ္ပဏီတွင်း ဗိုင်းရက်စ် စစ်ဆေးတဲ့ Lab ကို တည်ဆောက်ထားပါတယ်။ ဒါ့အပြင် ကုန်လှောင်ရုံက ဝန်ထမ်းတွေအတွက် လုပ်ခလစာတွေကို တိုးမြှင့်ပေးခဲ့ပါတယ်။

Ref : tnw

%d bloggers like this: