Samsung Galaxy S10 Lite ကို အမေရိကန်မှာ ရောင်းပြီ

Samsung Galaxy S10 Lite ကို တခြားနိုင်ငံတွေမှာ ဖေဖော်ဝါရီလကတည်းက ရောင်းပေးထားပေမယ့် ဒီနေ့ကျမှ အမေရိကန်မှာ ဝယ်ယူနိုင်တာပါ။ ၆၅၀ ဒေါ်လာနဲ့ Samsung , Amazon နဲ့ Best Buy တို့ကနေ ရောင်းပေးလိုက်ပြီး မြန်မာငွေ ၉ သိန်း ၂ သောင်းလောက်ရှိပါတယ်။ အမေရိကန်မှာ ပရိုမိုးရှင်းတွေ ပြုလုပ်ပေးထားပြီး Samsung က ဖုန်းအဟောင်း ယူလာရင် ဒေါ်လာ ၂၅၀ အထိ လျှော့ပေးတဲ့ အစီအစဉ်ကို ပြုလုပ်ပေးထားပါတယ်။

Samsung Galaxy S10 Lite ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၇ လက်မ Full HD+ Super AMOLED Infinity-O Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Punch Hole မှာ 32MP ကင်မရာ တပ်ဆင်ထားပြီး 25W Fast Charging ပါတဲ့ 4500mAh ဘက်ထရီ ပါပါတယ်။ Bluetooth S Pen ပါပြီး အလန်းစား Air Commands တွေကို သုံးနိုင်ပါတယ်။

Snapdragon 855 မောင်းနှင်ထားပြီး အနောက်ဘက်မှာ 48MP အပါအဝင် ကင်မရာ ၃ လုံး ပါပါတယ်။ Prism White, Prism Black နဲ့ Prism Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Samsung Galaxy S10 Lite specifications

• 6.7-inch Full HD+ (2400×1080 pixels) Super AMOLED Plus Infinity-O Display with 394ppi
• Octa-Core Qualcomm Snapdragon 855 7nm Mobile Platform (Max. 2.8 GHz + 2.4 GHz + 1.7 GHz) with Adreno 640 GPU
• 6GB / 8GB LPDDR4x RAM with 128GB storage (UFS 2.1), expandable memory up to 1TB with microSD
• Android 10 with OneUI 2.0
• Dual SIM
• 48MP rear camera with LED Flash, f/2.0 aperture, Super Steady OIS, 12MP Ultra Wide sensor with f/2.2 aperture, 5MP macro camera with f/2.0 aperture
• 32MP front-facing camera with f/2.2 aperture
• In-display fingerprint sensor
• USB Type-C audio
• Dimensions: 75.6 x 162.5 x 8.1mm; Weight: 186g
• Dual 4G VoLTE, Wi-Fi 802.11ac (2.4/5GHz), Bluetooth 5, GPS with GLONASS, USB 3.1, NFC, MST
• 4,500mAh battery with 25W fast charging

Ref : fonearena , gsmarena

%d bloggers like this: