မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ OnePlus 8 Series

OnePlus 8 Series ကို ရောင်းပေးလိုက်ပြီ ဖြစ်ပြီး မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတယ်လို့ သိရပါတယ်။ OnePlus 8 Series ဟာ အရင်မျိုးဆက်တွေထက် ဈေးပိုကြီးလာပေမယ့် ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းတွေထက်တော့ ဈေးသက်သာပါတယ်။ နောက်တစ်သုတ်ကို ၂၉ ရက်နေ့မှာ ရောင်းပေးမယ်လို့ သိရပါတယ်။

OnePlus 8 အတွက် Onyx Black , Glacial Green နဲ့ Interstellar Glow အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၆၉၉ ဒေါ်လာ ၊ 12/256GB ကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်း ၉ သောင်းနဲ့ ၁၁ သိန်း ၃ သောင်းလောက် အသီးသီးရှိပါတယ်။

OnePlus 8 Pro အတွက် Onyx Black , Glacial Green နဲ့ Ultramarine Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၈၉၉ ဒေါ်လာ၊ 12/256GB ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၂ သိန်း ၇ သောင်းနဲ့ ၁၄ သိန်း ၂ သောင်းလောက် ရှိပါတယ်။ Warp Charge 30 Wireless Charger ကို ၇၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်းလောက် ရှိပါတယ်။

Ref : gizmochina

%d bloggers like this: