DJI က ၂၇ ရက်နေ့မှာ Mavic Air 2 ကို ကြေညာနိုင်

DJI က ဒီလ ၂၇ ရက်နေ့မှာ ထုတ်ကုန် အသစ် ၁ ခုကို ကြေညာတော့မှာ ဖြစ်ပြီး တွစ်တာမှာ သူ့ရဲ့ Teaser ၁ ခုကို တင်လိုက်ပါတယ်။ “Up your game” လို့ ပို့စ်မှာ ရေးသားထားပြီး ထုတ်ကုန် အသစ်ရဲ့ နာမည်ကို မပြောထားပါဘူး။ ဒါပေမယ့် ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ Mavic Air မျိုးဆက်သစ် ဖြစ်နိုင်ပါတယ်။


ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ Countdown ၁ ခု တင်ထားပြီး Gadget လို့ ထင်ရတဲ့ အနီးကပ် ဓါတ်ပုံ ၁ ပုံကို မြင်ရပါတယ်။ အဲဒါဟာ Mavic Air 2 ဖြစ်နိုင်ပြီး အရွယ်ကြီး 3,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ ဖုန်းမှာ တပ်ဆင်နိုင်မယ့် Controller ကို ဒီဇိုင်း ဆန်းသစ်ထားနိုင်ပါတယ်။

DJI က Mavic Air 2 မဟုတ်ဘဲ တခြား ထုတ်ကုန် အသစ် ၁ ခုကိုလည်း ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: