Huawei nova 7 Series ကို ၂၃ ရက်နေ့မှာ ကြေညာမည်

Huawei က nova 7 , nova 7 SE နဲ့ nova 7 Pro တို့ကို မကြာခင် ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Huawei က ဒီလ ၂၃ ရက်နေ့မှာ ကြေညာမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။

Huawei မျှဝေလိုက်တဲ့ ပိုစတာမှာ လေးထောင့်ပုံ ကင်မရာ အကွက်ကို မြင်ရပြီး သူဟာ nova 7 လား၊ SE လား ၊ Pro လား ဆိုတာ မသိရသေးပါဘူး။ Huawei က အဲဒီ ဖုန်း ၃ လုံးရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။

အရင်ထွက်ခဲ့တဲ့ သတင်းအရ ဖုန်း ၃ လုံးစလုံးမှာ HiSilicon Chipsets တွေ မောင်းနှင်ထားမှာ ဖြစ်ပြီး nova 7 SE မှာ Kirin 820 , nova 7 မှာ Kirin 985 နဲ့ Pro မှာ Kirin 990 5G တွေ ထည့်သွင်းထားနိုင်ပါတယ်။ Kirin 985 က 990 ထက် အားနည်းပေမယ့် 980 ထက်တော့လန်းပါတယ်။

ဖုန်း ၃ လုံးစလုံးမှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး nova 7 Pro ကို ၃,၅၀၀ ယွမ်နဲ့ ရောင်းနိုင်ပါတယ်။ မြန်မာငွေ ၆ သိန်း ၉ သောင်းလောက်ရှိပြီး nova 7 နဲ့ nova 7 SE ကတော့ အဲဒီထက် ဈေးနည်းမှာ ဖြစ်ပါတယ်။ Huawei က အဲဒီ စမတ်ဖုန်းတွေရဲ့ အကြောင်းကို မပြောသေးပါဘူး။ မကြာခင်မှာ သူတို့ရဲ့ သတင်းအချက်အလက်တွေ ပိုသိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: