Apple က iPhone 8 နဲ့ iPhone 8 Plus ရောင်းတာကို ရပ်နားလိုက်ပြီ

Apple က 2020 iPhone SE ကို ကြေညာလိုက်ပြီ ဖြစ်တဲ့အတွက် iPhone 8 ကို အနားပေးတော့မှာ ဖြစ်ပါတယ်။ iPhone SE အသစ်ဟာ iPhone 8 ကို နောက်ဆုံးထုတ် A13 Chipset နဲ့ အဆင့်မြှင့်ထားတာ ဖြစ်ပြီး ကင်မရာ ဆော့ဖ်ဝဲ ပိုကောင်းလာပါတယ်။ အရောင် အနည်းငယ် ကွဲပြားပေမယ့် iPhone 8 ထက် ဈေးချိုပါတယ်။ အဲဒီအတွက် iPhone 8 ဆက်မရောင်းတာ သဘာဝကျပါတယ်။

Apple က iPhone 8 Plus ကိုလည်း ရောင်းမှာ မဟုတ်တော့ပါဘူး။ အဲဒီ ဖုန်းရဲ့ အခြေအနေကျတော့ တစ်မျိုးပါ။ Apple က iPhone 8 Plus နေရာကို ဆက်ခံမယ့် iPhone SE Plus ကို မထုတ်လုပ်သေးပါဘူး။ Apple ကနေ iPhone 8 Plus ကို ဝယ်လို့ မရတော့ပေမယ့် Apple ဟာ မိတ်ဖက် အရောင်းဆိုင်တွေအတွက် ပစ္စည်းဆက်ဖြည့်ပေးနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ရောင်းမလဲဆိုတာ မသိရသေးပါဘူး။

iPhone SE 2020 နဲ့အတူ နောက်ဆုံးထုတ် Chipset ထည့်သွင်းထားတဲ့ iPhone SE Plus ကိုပါ ရောင်းရင် သိပ်ကောင်းမှာပါ။ ဒါပေမယ့် Apple က အရွယ်ကြီး စမတ်ဖုန်းဆိုရင် iPhone 11 Series ကိုပဲ ဝယ်ယူစေချင်ပုံရပါတယ်။ Apple ဟာ ဒီနှစ်နှောင်းပိုင်းမှာလည်း အလန်းစား iPhone အသစ်တွေကို ကြေညာဖို့ ရှိနေပါတယ်။
ref : gsmarena

%d bloggers like this: