Apple က iPhone SE အသစ်ရဲ့ Promo Video ကို မျှဝေ

နှစ်များစွာ သတင်းတွေ ထွက်နေတဲ့ iPhone SE 2020 ကို Apple က တရားဝင် ကြေညာလိုက်ပါပြီ။ အခုတော့ Apple က သူ့ရဲ့ Promo Video ၁ ခုကို မျှဝေလိုက်ပြီး Apple ရဲ့ စတိုင် အတိုင်း ကင်မရာ ၊ စွမ်းဆောင်ရည်နဲ့ ဘက်ထရီ သက်တမ်းကို အသားပေး ဖော်ပြထားပါတယ်။

iPhone SE အသစ်ရဲ့ 64GB ကို ၃၉၉ ဒေါ်လာ၊ 128GB ကို ၄၄၉ ဒေါ်လာ နဲ့ 256GB ကို ၅၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၆ သောင်း၊ ၆ သိန်း ၄ သောင်းနဲ့ ၇ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။ သူဟာ ဈေးအပေါဆုံး iPhone ဖြစ်လာပြီး အနက်၊ အဖြူနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။

သူဟာ iPhone 8 ကို A13 SoC နဲ့ အဆင့်မြှင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားက ၄.၇ လက်မပဲရှိတဲ့အတွက် အရွယ်သေး ဖုန်း ကိုင်ချင်သူတွေအတွက် ရွေးချယ်စရာပါ။ iPhone 8 မှာလို Touch ID လက်ဗွေရာ ကိရိယာ တပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: