Apple က တန်ဖိုးနည်း iPhone SE အသစ်ကို ကြေညာလိုက်ပြီ

Apple က သတင်းများစွာ ထွက်နေတဲ့ iPhone SE အသစ်ကို ကြေညာလိုက်ပါတယ်။ သူဟာ မူလ iPhone SE ထက် iPhone 8 ကို ဆန်းသစ်ထားတယ်လို့ ပြောနိုင်ပါတယ်။ iPhone SE အသစ်မှာ ၄.၇ လက်မ Retina HD မျက်နှာပြင် ပါလာပြီး True Tone , Dolby Vision နဲ့ HDR10 တွေ ထောက်ပံ့ပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေ ထူနေတာက ဒီနေ့ခေတ် ဖုန်းတွေနဲ့ ယှဉ်ရင် သိပ်မလှပါဘူး။ A13 SoC မောင်းနှင်ထားပြီး iPhone 8 မှာလို Touch ID လက်ဗွေရာ ကိရိယာ တပ်ထားပါတယ်။

အနောက်ဘက်မှာ 12MP ကင်မရာ ၁ လုံးပဲ ထည့်သွင်းထားပြီး Smart HDR Photography ပါလာပါတယ်။ Portrait တွေ ရိုက်ကူးနိုင်ဖို့ Apple က “monocular depth sensing “ လို့ ခေါ်တဲ့ နည်းပညာ သုံးထားပါတယ်။ ဒီနည်းပညာက Depth နဲ့ Face ကို အာရုံခံဖို့ Machine Learning ကို အသုံးပြုပါတယ်။ ကင်မရာမှာ Cinematic Video Stabilization ပါပြီး 4K 60fps Video တွေ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာက 7MP ဖြစ်ပြီး Portrait Mode Effect ပါပါတယ်။

18W Charging ထောက်ပံ့ထားပြီး Wireless Charging , WiFi 6 , LTE-A , Dual SIM တွေ ပါလာပါတယ်။ IP67 စံနှုန်းထည့်ထားပြီး ရေအနက် ၁ မီတာအထိ မိနစ် ၃၀ ယူဆောင်နိုင်ပါတယ်။ အနက်၊ အဖြူနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး ၂၄ ရက်နေ့မှာ ရောင်းမှာပါ။ 64GB ကို ၃၉၉ ဒေါ်လာ၊ 128GB ကို ၄၄၉ ဒေါ်လာ နဲ့ 256GB ကို ၅၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၆ သောင်း၊ ၆ သိန်း ၄ သောင်းနဲ့ ၇ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: