Motorola Edge+ ကို ၂၂ ရက်နေ့မှာ ကြေညာမည်

Motorola Edge+ ကို ၂၂ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက အဲဒီ စွမ်းရည်မြင့် ဖုန်းရဲ့ Waterfall မျက်နှာပြင်ကို Tease လုပ်လိုက်ပါတယ်။ Waterfall မျက်နှာပြင်ဟာ ၉၀ ဒီဂရီနီးပါးလောက် ကွေးညွှတ်နေပါတယ်။ Moto Edge ကိုလည်း အဲဒီနေ့မှာ ကြေညာနိုင်ပြီး သူ့မှာ Snapdragon 765G ပါလာနိုင်ပါတယ်။ Plus Version မှာ Snapdragon 865 ပါလာမှာဖြစ်ပြီး Version ၂ မျိုးစလုံးမှာ 5G ထည့်ထားမှာပါ။


Motorola Edge+ မှာ ၆.၆၇ လက်မ 1080p+ မျက်နှာပြင် ပါလာနိုင်ပြီး 90Hz ပါတဲ့ Moto ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ ဒါ့အပြင် 108MP Main ကင်မရာ ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး သူနဲ့အတူ 16MP နဲ့ 8MP ကင်မရာတွေ ထည့်ထားမှာပါ။ Moto Edge မှာတော့ 64MP Main ကင်မရာ၊ 16MP Ultrawide နဲ့ 8MP Telephoto ကင်မရာတွေ ပါလာမှာပါ။

Edge နာမည်နဲ့ Verizon ကနေပဲရောင်းနိုင်ပြီး အမေရိကန်က တခြား Carriers တွေဟာ Moto One Brand ကနေ ရောင်းနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: