Android ဖုန်းတွေမှာ COVID-19 Tracking Update ကို Google Play Services ကနေ ထည့်ပေးမည်

Google က Apple နဲ့ ပူးပေါင်း ဖန်တီးနေတဲ့ COVID-19 Contact Tracing System ကို Android ဖုန်းတွေမှာ Google Play Services ကနေ ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီအတွက် Android ဖုန်း အများစုမှာ ရကြမှာ ဖြစ်ပြီး Android 6.0 နဲ့အထက် ဖုန်းတွေမှာ ထည့်သွင်းပေးမှာပါ။ Software Update နဲ့ ထည့်ပေးတာထက် Google Play Services က‌နေ ထည့်ပေးတာက ပိုမြန်ပါတယ်။

ဘလူးတု အခြေပြု Contact Tracking System အတွက် API ကို Google နဲ့ Apple တို့က မေလမှာ ထုတ်ပေးမှာ ဖြစ်ပြီး နောက်တစ်ဆင့်က API ကို OS မှာ တပါထဲ ထည့်ပေးရမှာပါ။ ကုမ္ပဏီ ၂ ခုက လာမယ့် လအနည်းငယ်အတွင်းမှာ နောက်တစ်ဆင့်ကို အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။

Google Play Serivces မပါတဲ့ Android Device တွေမှာ Tracking System ကို ရမှာ မဟုတ်ပါဘူး။ တရုတ်က Android ဖုန်းတွေနဲ့ အမေရိကန်ရဲ့ ကန့်သတ်ချက်ပြီးနောက် Huawei ကမ္ဘာအဝန်းမှာ ရောင်းတဲ့ ဖုန်းတွေမှာ Play Services တွေ မပါကြပါဘူး။ အဲဒီ ဖုန်းတွေအတွက် Google က Tracking System သုံးလို့ရစေမယ့် Framework ၁ ခုကို ထုတ်လုပ်ပေးမှာပါ။ Huawei အပါအဝင် ဖုန်း ကုမ္ပဏီတွေက Play Services မပါတဲ့ သူတို့ရဲ့ ဖုန်းတွေမှာ Tracking System ကို သုံးချင်ရင် သုံးလို့ရမှာပါ။

Ref : theverge

%d bloggers like this: