90W Fast Charging ပါလာမယ့် Lenovo Legion

Lenovo Legion Gaming စမတ်ဖုန်းရဲ့ သတင်းတွေ ထွက်နေပါတယ်။ မကြာခင်ကလည်း သူ့ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ Lenovo က သူ့ရဲ့ Specs တချို့ကို တရားဝင် ကြေညာလာပါတယ်။

Lenovo က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အရမ်းမြန်တဲ့ 90W Fast Wired Charging ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီအတွက် Lenovo Legion ဟာ OPPO နဲ့ Xiaomi Black Shark 3 ရဲ့ 65W Wired Charging ထက် သာသွားမှာ ဖြစ်ပါတယ်။

Lenovo Legion မှာ 90W Fast Wired Charging ပါမယ်ဆိုတာကို နာမည်ကျော် Leakster ၁ ယောက်ကလည်း ဝီဘိုမှာ မျှဝေထားပါတယ်။ ဒီလောက်မြန်တဲ့ အားသွင်း အမြန်နှုန်းကို Lenovo ဖန်တီးနိုင်တာ တကယ့်ကို ချီးကျူးစရာကောင်းပါတယ်။ Lenovo Legion ကို ကြေညာမယ့် နေ့ကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gsmarena

%d bloggers like this: