Nubia Red Magic 5G ကို တစ်ကမ္ဘာလုံးမှာ ရောင်းပြီ

Nubia က စွမ်းရည်မြင့် Red Magic 5G Gaming ဖုန်းကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အခုတော့ တစ်ကမ္ဘာလုံးမှာ ရောင်းပေးလိုက်ပါပြီ။ တရုတ်မှာ Memory Configuration ၄ မျိုး ရောင်းထားပြီး နိုင်ငံတကာမှာ ၂ မျိုးရောင်းပေးထားပါတယ်။ 8/128GB ကို ၅၇၉ ဒေါ်လာနဲ့ 12/256GB ကို ၆၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၂ သောင်းနဲ့ ၉ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

သူဟာ 144Hz Refresh Rate ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ 240Hz Touch Sampling Rate ပါ ပံ့ပိုးထားတဲ့အတွက် မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက အရမ်းလန်းပြီး ဂိမ်းကစားရင် တော်တော် မိုက်ပါတယ်။ L ပုံစံ Cooling Pipe နဲ့ Active Cooling နည်းပညာ အသစ် ပါလာတဲ့အတွက် ဂိမ်းကစားရင် အပူမလွန်ကဲအောင် ဖန်တီးပေးပါတယ်။

300Hz Touch Refresh Rate ပါတဲ့ Dual IC Game Shoulder Trigger Button တွေ ပါလာတဲ့အတွက် ဂိမ်းကစားရတာ တော်တော် မိုက်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး 64MP Main , 8MP Wide Angle နဲ့ 2MP Bokeh Lens တွေကို အနောက်ဘက်နဲ့ 12MP ကင်မရာကို အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။ 55W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။

Nubia RedMagic 5G specifications

• 6.65-inch (1080 × 2340 pixels) Full HD+ 19.5:9 AMOLED display with 144Hz refresh rate
• 2.84GHz Octa-Core Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB /12GB / 16GB LPDDR5 RAM with 128GB / 256GB (UFS 3.1) internal memory
• Android 10 with Redmagic OS
• 64MP rear camera with 1/1.72″ Sony IMX686 sensor, 0.8μm pixel size, f/1.8 aperture, LED flash, PDAF, 8MP 120-degree ultra-wide lens, 2MP macro camera
• 12MP front-facing camera
• In-display fingerprint sensor
• 3.5mm audio jack
• Dimensions:168.56×78×9.75mm ; Weight: 218g
• 5G NSA & SA, Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz + 5.8GHz), Bluetooth 5.1, GPS + GLONASS, USB Type-C
• 4500mAh battery with 55W fast charging

Ref : fonearena , gsmarena

%d bloggers like this: