၆.၀၉ လက်မ Waterdrop မျက်နှာပြင်နဲ့ 4,000mAh ဘက်ထရီ ပါတဲ့ Lenovo A7 ကို ကြေညာပြီ

Lenovo က ပြီးခဲ့တဲ့နှစ်မှာ တန်ဖိုးနည်း K10 Note , K10 Plus နဲ့ A6 Note တို့ကို ကြေညာခဲ့ပါတယ်။ အခုလည်း တန်ဖိုးနည်း A Series အသစ် ၁ လုံးကို မိတ်ဆက်လိုက်ပါတယ်။ Lenovo A7 လို့ နာမည်ပေးထားပြီး ဘက်ထရီကို အရှင် လုပ်ပေးထားတာက ဒီခေတ်မှာ ရှားသွားပါပြီ။ သူ့ရဲ့ Specs အပြည့်အစုံကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။

သူ့မှာ ၆.၀၉ လက်မ Waterdrop မျက်နှာပြင် ပါလာပေမယ့် Resolution ကို မသိရသေးပါဘူး။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားပြီး UNISOC SC9863A Octa-core SoC မောင်းနှင်ထားပါတယ်။ Google Play Console က ဒေတာတွေအရ သူ့မှာ HD+ မျက်နှာပြင်၊ 2GB RAM နဲ့ Android 9 Pie ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ပါပါတယ်။ အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။ Standby ဆိုရင် ၄၁၆ နာရီ အသုံးခံတယ်လို့ Lenovo က ပြောပါတယ်။ ရောင်းမယ့် အချိန်နဲ့ ဈေးကို မသိရသေးပေမယ့် ၁ သိန်းကျော်လောက်ပဲ ရှိနိုင်ပါတယ်။

Lenovo A7 specifications

• 6.09-inch (720 x 1560 pixels) HD+ display with 19.5:9 aspect ratio
• 1.6GHz Octa-Core Unisoc SC9863A processor with IMG8322 GPU
• 2GB RAM
• Android 9.0 (Pie)
• 13MP (primary) + 2MP (depth)
• 5MP front-facing camera
• 4G, Wi-Fi 802.11 b/g/n, Bluetooth 4.2, GPS + GLONASS
• 4000mAh removable battery

Ref : fonearena

%d bloggers like this: