Microsoft Surface Go 2 ကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကြေညာနိုင်

Microsoft က ပြီးခဲ့တဲ့ ၂ နှစ်အကြာက Surface Go Windows တက်ဘလက် ကို ကြေညာခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ တက်ဘလက်ရဲ့ မျိုးဆက်သစ် Surface Go 2 မထွက်လာသေးပါဘူး။ အခုတော့ MSPoweruser က တက်ဘလက် အသစ်ကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကြေညာမယ်လို့ ပြောပါတယ်။

Surface Series ဟာ စီးပွားရေး လုပ်ငန်း ၊ အနုပညာရှင်နဲ့ Developers တွေကြားမှာ အရမ်းကို ရေပန်းစားပါတယ်။ မူလ Surface Go တက်ဘလက်မှာ Stylus , Keyboard နဲ့ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ Surface Go ကို Apple iPad နဲ့ ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ခဲ့ပေမယ့် Specifications အပိုင်းမှာ iPad ကို မယှဉ်နိုင်ပါဘူး။

အတွင်း သတင်းတွေအရ Surface Go 2 မှာ 8th Gen Intel Core m3-8100Y Dual-core Processor မောင်းနှင်ထားပြီး အဲဒီ Processor ဟာ မူလ Surface Go မှာ ပါတဲ့ Pentium Gold 4415Y နဲ့ စွမ်းဆောင်ရည်ချင်း သိပ်မကွာပါဘူး။ အခြေခံ မော်ဒယ်ကို ၃၉၉ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သတင်းထွက်နေပြီး မြန်မာငွေ ၅ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။ LTE ပါတဲ့ စွမ်းရည်မြင့် မော်ဒယ်ကို ၆၅၀ ဒေါ်လာ သတ်မှတ်နိုင်ပြီး မြန်မာငွေ ၉ သိန်း ၂ သောင်းလောက် ရှိမှာပါ။ မေလမှာ ရောင်းနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: