ဝက်ဆိုဒ်တွေကို အလွယ်တကူဖွင့်နိုင်အောင် စမတ်ဖုန်းရဲ့ Home Screen ပေါ် ဘယ်လိုတင်ထားမလဲ

Jan 17, 2016
0 1

650x300xwebsite-shortcut-icon-pinned-to-android-home-screen.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.vlIlawMh4V

သင့်စမတ်ဖုန်း၊ တက်ဘလက်ရဲ့ home screen ဟာ apps တွေ သက်သက်မဟုတ်ပါဘူး။ Android ဖြစ်ဖြစ် iOS ပဲ ဖြစ်ဖြစ်မှာ၊ သင်ကြည့်နေကြ ၀က်ဆိုဒ်တွေကို အလွယ်တကူဖွင့်နိုင်အောင်လို့ ကိုယ့်ဖုန်းရဲ့ Home screen ပေါ် တင်ထားလို့ရပါတယ်။ ဒီအတွက် သင့်ဖုန်းမှာ Chrome browser ပဲရှိဖို့လိုပါတယ်။

Android ဖုန်းတွေမှာဆိုရင်

Android ဖုန်းက Chrome app ကိုဖွင့်လိုက်ပါ။ Home screen ပေါ် ကိုယ်တင်ထားချင်တဲ့ ၀က်ဆိုဒ်ဆီသွားပါ။ ဖုန်း menus ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးရင် Add to homescreen ဆိုတာ ရွေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ဖုန်း home screen ဆီ ၀က်ဆိုဒ်ရောက်သွားမှာဖြစ်ပြီး ဒီ shortcut ကို ကိုယ်ကြိုက်ရာနာမည်ပေးထားလို့လည်း ရပါတယ်။

650x391xadd-website-to-homescreen-in-chrome-for-android.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.dSIWlvWvMn

ဒီလိုမျိုး Firefox browser မှာလည်း Menu ကို နှိပ်၊ Page option ထဲ ၀င်ပြီး Add to Home Screen ဆိုတာ ရွေးပေးလိုက်ရင် ၀က်ဆိုဒ်ဟာ home screen ပေါ်ကို ရောက်သွားပါမယ်။

650x391xwebsite-shortcut-on-android-home-screen-with-firefox-for-android.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.D28zgPnNII

iPhone, iPad တို့မှာဆိုရင်

Safari browser ကိုဖွင့်ပြီး ကိုယ်မှတ်ထားချင်တဲ့ ၀က်ဆိုဒ်ဆီသွားပါ။ browser ရဲ့ အပေါ်ဘက် မှာရှိတဲ့ လေးထောင်ပုံအတုံးကနေမြှားအပေါ်ထောင်ထွက်နေတဲ့ပုံ toolbar ကိုနှိပ်ပါ။ ဒီဘားဟာ iPad ဆို အပေါ်ဘက်မှာ ရှိပြီး iPhone နဲ့ iPod Touch တွေဆိုရင် အောက်မှာရှိပါတယ်။

650x440xadd-website-to-home-screen-in-safari-on-ipad-with-ios-7.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.E9lhZ45cCO

Share ကို နှိပ်လိုက်ရင် Add to Home Screen ဆိုတဲ့ စာတစ်ခုကိုတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ရင် ကိုယ်ကြိုက်တဲ့နာမည်ပြောင်းပေးနိုင်ပြီး Add လုပ်ကာ Home Screen ပေါ်တင်နိုင်ပါတယ်။

650x322xwebsite-shortcut-on-home-screen-on-ios-7.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.Hs2D_Otnp8

Ref: How To Geek

 

 

 

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares45 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares146 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

Leave a Comment

Most from this category