Google က မျက်မမြင်တွေအတွက် Braille Android Keyboard ကို ဖန်တီး

မျက်မမြင်များ၊ အမြင်အာရုံ မကောင်းသူတွေဟာ စမတ်ဖုန်း ၊ ကွန်ပြူတာမှာ စာရိုက်မယ်ဆိုရင် ဈေးကြီးပြီး ထုထည်ကြီးတဲ့ Physical Braille Computer လိုအပ်ပါတယ်။ ဖုန်းမှာ မြန်မြန် စာပြန်ဖို့အတွက်တော့ ဒီနည်းဟာ အဆင်မပြေပါဘူး။

အခုတော့ Google က Android အတွက် TalkBack Braille Keyboard ကို ဖန်တီးပေးလိုက်ပါတယ်။ Android 5.0 နဲ့အထက် ဖုန်းတွေမှာ သုံးနိုင်တဲ့ Virtual Keyboard ဖြစ်ပါတယ်။ Google က ဒီ Keyboard ကို ဖန်တီးဖို့ Braille Users ၊ Developers တွေနဲ့ ပူးပေါင်းခဲ့တယ်လို့ ပြောပြီး အရင်က Braille သုံးဖူးသူတွေအတွက် လုံးဝ အဆင်ပြေမယ်လို့ ပြောပါတယ်။

Keyboard ဟာ Android မှာ စာကြောင်းတိုင်းနဲ့ အလုပ်လုပ်ပြီး အက္ခရာ၊စာလုံးတွေ ဖျက်တာ၊ စာကြောင်းတွေ ထည့်တာတွေ ပြုလုပ်နိုင်ပါတယ်။ Braille Keyboard ကို အပိတ်၊ အဖွင့် လုပ်တာကို တခြား Keyboards တွေ ပြောင်းသလို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် Braille Keyboard ကို သုံးနေရင် တခြား TalkBack Gesutures တွေ သုံးလို့ မရပါဘူး။

Braille Keyboard ကို သုံးဖို့အတွက် Settings> Accessibility Section ထဲက TalkBack ကို On ရမှာဖြစ်ပြီး ညွှန်ကြားချက်တွေအတိုင်း ဆက်လုပ်ရမှာပါ။ Keyboard ကို Set Up လုပ်ပြီးတာနဲ့ လက်သုံးချောင်းနဲ့ မျက်နှာပြင်မှာ Swipe Up လုပ်ပြီး လေ့ကျင့်နိုင်ပါပြီ။

Ref : tnw

%d bloggers like this: