Nike က ကျန်းမာရေး ဝန်ထမ်းတွေအတွက် PPE ထုတ်လုပ်ပေးနေ

Nike က ကိုရိုနာဗိုင်းရက်စ်ကို ရှေ့တန်းကနေ တိုက်ဖျက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ကာကွယ်ရေး ကိရိယာ (PPE) တွေ ထုတ်လုပ်ပေးနေပါတယ်။ Nike ဟာ Nike Air Soles လို ကုမ္ပဏီက ထုတ်တဲ့ ထုတ်ကုန်တွေနဲ့ PPE တွေ ထုတ်လုပ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေဖို့ Oregon Health and Science University (OHSU) နဲ့ အနီးကပ် ပူးပေါင်းလုပ်ကိုင်နေပါတယ်။

Nike ရဲ့ ဝန်ထမ်းတွေဟာ မျက်နှာအကာတွေနဲ့ Air-purifying Respirator (PAPR) Lenses တွေ ထုတ်လုပ်ဖို့ ဝိုင်းဝန်း ကူညီကြမှာ ဖြစ်ပါတယ်။ အဲဒီအရာတွေဟာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အရမ်းကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

OHSU က တွဲဖက် ပါမောက္ခ Miko Enomoto က “ Nike ဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အရမ်းကို အထောက်အကူပြုမယ့် ကိရိယာတွေကို ရက်ရက်ရောရော ထုတ်လုပ်ပေးနေပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ လုံခြုံစိတ်ချစေတဲ့အတွက် လူနာ ကုသရေး လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် လုပ်ဆောင်နိုင်မှာပါ။ “ လို့ ပြောပါတယ်။

Ref : wersm

%d bloggers like this: