Apple နဲ့ Google ပူးပေါင်းပြီး ကိုရိုနာဗိုင်းရက်စ် Tracking System ကို ဖန်တီးမည်

Apple နဲ့ Google တို့က iOS နဲ့ Android ၂ ခုစလုံးအတွက် Contact Tracing System ၁ ခုကို ပူးပေါင်းဖန်တီးမယ်လို့ ကြေညာလိုက်ပါတယ်။ ကျန်းမာရေး အာဏာပိုင်တွေက ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကို ထိန်းချုပ်နိုင်ဖို့အတွက် အရမ်းကို အထောက်အကူပြုမယ့် နည်းပညာ ဖြစ်ပါတယ်။

ဗိုင်းရက်စ် ကူးစက်ခံရတဲ့ လူနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကို အမြန်ဆုံး ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ လူ ၁ ယောက်က ကူးစက်ခံရပြီဆိုရင် သူနဲ့ ထိတွေ့ခဲ့သူတွေရဲ့ ဖုန်းကို အသိပေးမှာ ဖြစ်ပါတယ်။ ဘူလူးတုကို အခြေပြုပြီး Contact Tracing System ကို ဖန်တီးကြမှာပါ။

အဲဒီ စနစ်ရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ လူ ၂ ယောက်တွေ့တဲ့အခါမှာ သူတို့ရဲ့ ဖုန်းတွေမှာ မတူညီတဲ့ Identifier Keys တွေကို လဲလှယ်ကြမှာပါ။ ၁ ယောက်က ဗိုင်းရက်စ် ကူးစက်ခံရပြီ ဆိုရင် ပြီးခဲ့တဲ့ ၁၄ ရက်က သူနဲ့ ထိတွေ့ခဲ့သူတွေကို ဖုန်းကနေ အကြောင်းကြားမှာ ဖြစ်ပါတယ်။ ထိတွေ့ခဲ့သူတွေဟာ မိမိကိုယ်မိမိ Quarantine ပြုလုပ်နိုင်သလို ဆေးရုံ သွားပြီး စစ်ဆေးနိုင်ပါတယ်။

အဲဒီ စနစ်ကို ဖန်တီးဖို့အတွက် ကုမ္ပဏီ ၂ ခုဟာ APIs ကို ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ မေလမှာ APIs ထုတ်ပြီး လာမယ့် လတွေမှာ Contact Tracing System ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ်လို့ သိရပါတယ်။

Ref : tnw

%d bloggers like this: