65W Fast Charging ပါမယ့် OPPO Ace 2 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

OPPO Ace 2 ကို တရုတ်က JD.com မှာ စာရင်းတင်လိုက်ပြီး ဓါတ်ပုံနဲ့ Specs တချို့ကို သိလာရပါပြီ။ Moon Rock Ash နဲ့ Fantasy Purple ၂ ရောင်ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ 8/128GB , 8/256GB နဲ့ 12/256GB မော်ဒယ် ၃ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး ဈေးနှုန်းကို မဖော်ပြထားသေးပါဘူး။

သူ့ကို ၁၃ ရက်နေ့မှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီးပါပြီ။ အခုတော့ 65W SuperVOOC 2.0 Fast Charging ပါမယ်လို့ ကုမ္ပဏီက ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ 65W Fast Charging ဟာ ပထမမျိုးဆက်မှာထဲက ပါလာပြီးသားပါ။ Ace 2 မှာ 40W Wireless Charging ပါလာမယ့်အတွက် ကြိုးမဲ့ အားသွင်းနှုန်းကလည်း ဖလန်းဖလန်းထနေမှာပါ။

Reno Ace 2 မှာ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပြီး 5G X55 Modem ပါလာမှာပါ။ ၆.၅ လက်မ AMOLED မျက်နှာပြင်ထောက်ပံ့ထားပြီး Full HD+ Resolution ပါလာမှာပါ။ စုစုပေါင်း အနောက်ကင်မရာ ၄ လုံးထည့်သွင်းထားနိုင်ပြီး 48MP , 8MP , 2MP , 2MP တွေဖြစ်ပါတယ်။ အရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။

Ref : gizmochina

%d bloggers like this: