Google Pixel 4a ရဲ့ ဘူးခွံ ဓါတ်ပုံ ထွက်ပေါ်လာ

Google Pixel 4a ရဲ့ ဘူးခွံ ဓါတ်ပုံ ထွက်ပေါ်လာပြီး ဒီဇိုင်းက Pixel 4 နဲ့ တူပါတယ်။ ဘူးခွံမှာ ဖုန်းရဲ့ အနောက်ဘက်ပုံကို ပြသထားပြီး လေးထောင့်ပုံ ကင်မရာတွေကို မြင်ရပါတယ်။ ဒီဒီဇိုင်းကလည်း Pixel 4 နဲ့ တူပါတယ်။ ဘေးဘက်မှာ အဖြူရောင် ပါဝါ ခလုတ်ကို မြင်ရပါတယ်။

အရင်ကလည်း Google ရဲ့ စွမ်းရည်သင့် Pixel 4a ရဲ့ Hands-on Video ထွက်ပေါ်လာပြီး ၅.၈၁ လက်မ 1080x2340p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Snapdragon 730 Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့အတွက် 60Hz Refresh Rate ပဲ ထည့်ထားပြီး 4K Video နဲ့ EIS ထောက်ပံ့တဲ့ 12MP အနောက်ကင်မရာနဲ့ 8MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။

Video အရ ထိပ်ဖက်မှာ နားကြပ်ပေါက်နဲ့ အောက်ခြေမှာ USB-C Port တပ်ဆင်ထားပြီး ဘက်ထရီက 3,080mAh ဖြစ်ပါတယ်။ 6GB RAM/ 64GB Storage ပါလာပြီး Dual SIM ထောက်ပံ့ပါတယ်။ Pixel 4a မှာ Android 10 မောင်းနှင်ထားပြီး ဧပြီလအတွက် Security Patch ပါလာပါတယ်။ ဒါဟာ Beta Version ဖြစ်နိုင်သလို အဲဒီ ဖုန်းကို ကြေညာမယ့် နေ့ကို သတင်းပေးထားတာလည်း ဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: