Facebook က စုံတွဲတွေ 🧡 ရိုမန့်တစ်🧡 ဆန်နိုင်မယ့် Tuned Messenger App ကို ဖြန့်ချိ

Facebook က လူမှုကွန်ရက် App နဲ့ Messenger App တွေအပြင် တခြား App တွေကိုလည်း ထုတ်လုပ်ထားပါတယ်။ အခုလည်း Tuned အမည်ရ Messaging App ကို ဖြန့်ချိပေးလိုက်ပါတယ်။ ဒီ App ကို FA တွေ သုံးလို့ မရပါဘူး။ စုံတွဲတွေ ရိုမန့်တစ် ဆန်နိုင်အောင် ဖန်တီးပေးထားတာပါ။

Tuned မှာ ချစ်သူနှစ်ဦးရဲ့ အမှတ်တရ ဓါတ်ပုံတွေကို Digital Scrapbook အဖြစ် ဖန်တီးပြီး မျှဝေနိုင်ပါတယ်။ သင့် Spotify အကောင့်နဲ့ချိတ်ဆက်ပြီး သင့်ချစ်သူထံ သင့် ခံစားချက်တေးသံတွေ ပေးပို့နိုင်ပါတယ်။ ရိုဆန်တဲ့ Stickers နဲ့ Reactions တွေ ထည့်ပေးထားပြီး Tuned ကို သုံးဖို့ Facebook အကောင့် မလိုပါဘူး။ သမားရိုးကျ Messenger App တွေမှာလို Photos, Notes, Cards နဲ့ Voice Memos တွေ ပေးပို့နိုင်ပါတယ်။ Facebook အကောင့် မလိုအပ်ပေမယ့် Facebook ရဲ့ ဒေတာ စည်းမျဉ်းအတိုင်း လုပ်ဆောင်မှာ ဖြစ်ပြီး ကြော်ငြာအတွက် သင်တို့ရဲ့ ဒေတာတွေကို သုံးမှာပါ။

လက်ရှိမှာ Tuned ကို iOS အတွက် ထုတ်လုပ်ပေးထားပြီး Android အတွက် ဖြန့်ချိပေးမယ့် အချိန်ကို မသိရသေးပါဘူး။ သူ့လိုပဲ ချစ်သူ စုံတွဲတွေအတွက် အထူး ဖန်တီးထားတဲ့ တခြား App တွေလည်း ရှိပါသေးတယ်။ Tuned က ဘယ်လို ထူးခြားလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ iOS အတွက် ဒီလင့် ကနေ ဒေါင်းနိုင်ပါတယ်။

Ref : theverge

%d bloggers like this: