ကိုရိုနာဗိုင်းရက်စ်ကြောင့် Offline Sex Workers တွေ Online တက်လာပြီ

ဗိုင်းရက်စ်ကြောင့် တစ်ကမ္ဘာလုံးက လုပ်ငန်းမျိုးစုံ ထိခိုက်နေကြပါတယ်။ အဲဒီထဲမှာ လိင်အလုပ်သမတွေလည်း ပါပါတယ်။ အဲဒီအတွက် လက်တွေ့ဘဝမှာ လိင်ဖျော်ဖြေရေး လုပ်နေကြ သူတွေဟာ အွန်လိုင်းပေါ်တက်လာကြပါတယ်။ Lockdown ကြောင့် အွန်လိုင်းပေါ်တက်လာတဲ့ ဗြိတိန်က လိင်အလုပ်သမ ၁ ယောက်က တစ်ယောက်ချင်း Chat တာရယ်၊ Group Chat တွေရယ်ကနေ ငွေ အများဆုံးရတယ်လို့ ပြောပါတယ်။

“ အွန်လိုင်းပေါ်မှာ ချက်ချင်း နာမည်မကြီးတဲ့အတွက် ချက်ချင်း ငွေအများကြီး မရပါဘူး။ အွန်လိုင်းမှာ နာမည်ကြီးအောင် အချိန်ယူရပါသေးတယ်။ Tripod , Lighting နဲ့ Sex Toys လို ကိရိယာတွေလည်း လိုပါသေးတယ်။ “ လို့ လိင်အလုပ်သမ ၁ ယောက်က ပြောပါတယ်။ အွန်လိုင်း တက်လာတဲ့ လိင်အလုပ်သမတွေရဲ့ Privacy ကလည်း စိုးရိမ်စရာပါ။ လူကြီး ဝက်ဘ်ဆိုက်တွေကနေ ဒေတာ ပေါက်ကြားမှုတွေလည်း ရှိနေပါတယ်။

တစ်ဖက်မှာလည်း Lockdown ကြောင့် Pornhub လို နာမည်ကြီး လူကြီး ဝက်ဘ်ဆိုက် တွေမှာ မော်ဒယ်တွေကို လူကြည့်မှု ပိုများပြားလာနေပါတယ်။ လူကြီး ဝက်ဘ်ဆိုက် ၁ ခု ဖြစ်တဲ့ StripChat က တစ်ကမ္ဘာလုံးက ကြည့်ရှုသူ အသစ်တွေကို တိုကင်တွေ အခမဲ့ ပေးပြီး စွဲဆောင်နေပါတယ်။

Ref : bbc

%d bloggers like this: