TikTok ကို ယှဉ်ပြိုင်မယ့် YouTube ‘Shorts’

TikTok ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အရမ်း လူသုံးများလာတဲ့အတွက် YouTubers တချို့ဟာ လိုင်းပြောင်းသွားခဲ့ပါတယ်။ အခုတော့ YouTube က TikTok ကို ယှဉ်ပြိုင်မယ့် Shorts ကို ဖြန့်ချိတော့မယ်လို့ သတင်းထွက်လာပါတယ်။

Shorts ဟာ YouTube App မှာ လုပ်ဆောင်ချက် အသစ် ၁ ခုအနေနဲ့ ပါလာမှာ ဖြစ်ပြီး ဗီဒီယို အတိုတွေကို ပြသတဲ့ Feed ၁ ခု ပါလာမှာပါ။ YouTube က လိုင်စင်ရယူထားတဲ့ သီချင်းတွေကို User တွေက ဗီဒီယိုတွေမှာ နောက်ခံ တေးဂီတအနေနဲ့ အသုံးပြုနိုင်မှာပါ။ ဒါဟာ Shorts က TikTok အပေါ် အားသာချက်ပါ။

TikTok ကို တရုတ်မှာ ၂၀၁၆ မှာ ဖြန့်ချိခဲ့ပြီး ၂၀၁၈ မှာ တစ်ကမ္ဘာလုံးမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ App မှာ ၃ စက္ကန့်ကနေ ၆၀ စက္ကန့်အတွင်းရှိတဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင်ပါတယ်။ TikTok ဟာ အခုနောက်ပိုင်းမှာ အရမ်း နာမည်ကြီးလာပြီး နာမည်ကြီး App Stores တွေမှာ Download လုပ်မှု အများဆုံး App ဖြစ်လာခဲ့ပါတယ်။

YouTube ‘Shorts’ နဲ့ TikTok တို့ရဲ့ ပြိုင်ပွဲကို စောင့်ကြည့်ရမှာပါ။ Shorts ကို ၂၀၂၀ အကုန်မှာ ထည့်သွင်းပေးမယ်လို့ သတင်းထွက်နေပါတယ်။

Ref : tnw

%d bloggers like this: