Bill Gates က ကိုရိုနာဗိုင်းရက်စ် ကာကွယ်ဆေး ၇ မျိုး မြန်မြန်ထုတ်လုပ်ဖို့ ဒေါ်လာ ဘီလီယမ်နဲ့ချီ လှူဒါန်းမည်

Bill Gates ဟာ ကိုရိုနာဗိုင်းရက်စ်ကို တိုက်ဖျက်ဖို့ အရှိန်အဟုန်မြှင့်လိုက်ပါတယ်။ ကာကွယ်ဆေး ၇ မျိုးကို မြန်မြန် ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ဘီလီယမ်နဲ့ချီ လှူဒါန်းမှာ ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ ၁ ပတ်က Daily Show နဲ့ အင်တာဗျူးမှာ ဒီအစီအစဉ်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပရဟိတ လုပ်ငန်းတွေကို အာရုံစိုက်ဖို့အတွက် မကြာခင်ကပဲ ချစ်မြတ်နိုးစွာ တည်ထောင်ခဲ့တဲ့ Microsoft ကုမ္ပဏီကနေ အပြီးတိုင်ထွက်လာခဲ့ပါတယ်။

သူက “ ငွေများများသုံးပြီး အလုပ်ဖြစ်မယ့် ဆေး မြန်မြန်တွေ့အောင် ကြိုးစားမှာပါ။ အများဆုံး ဆေး ၂ မျိုးလောက်တွေ့နိုင်ပေမယ့် ဆေး ၇ မျိုးလုံးအတွက် စက်ရုံတွေကို ငွေကြေးထောက်ပံ့မှာပါ။ အချိန်က ငွေထက် အရေးကြီးနေပါတယ်။ “ လို့ ပြောခဲ့ပါတယ်။

သူနဲ့ ဇနီးသည်တို့ တည်ထောင်ထားတဲ့ Bill & Melinda Gates Foundation ကလည်း ဗိုင်းရက်စ် သုတေသနလုပ်ငန်းအတွက် ဒေါ်လာ သန်း ရာဂဏန်း လှူဒါန်းထားပြီးပါပြီ။ အခုတော့ ဒီငွေပမာဏထက် အဆပေါင်းများစွာ ပိုများတဲ့ ငွေကြေးကို ကူညီပေးတော့မှာပါ။

Ref : tnw

%d bloggers like this: