OPPO Reno Ace 2 ကို AnTuTu မှာ တွေ့ရပြီ

OPPO Reno Ace 2 ရဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။ သူ့ကို ၁၃ ရက်နေ့မှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီးပါပြီ။ အခုတော့ သူ့ရဲ့ သတင်းအချက်အလက်တွေ AnTuTu ကနေ ထွက်ပေါ်လာပြီး Snapdragon 865 Chipset မောင်းနှင်ထားမယ်ဆိုတာ ဖော်ပြထားပါတယ်။

CPU အပိုင်းမှာ ၁၈၀,၁၃၂ မှတ်နဲ့ GPU အပိုင်းမှာ ၂၁၀,၃၇၁ မှတ်ရထားပါတယ်။ Memory အပိုင်းမှာ ၈၉,၉၂၇ မှတ်နဲ့ UX အပိုင်းမှာ ၇၉,၇၈၇ မှတ်ရထားပါတယ်။ Snapdragon 865 ပါတဲ့ တခြား ဖုန်းတွေလောက် ဒီအမှတ်တွေက မလန်းပါဘူး။

Reno Ace 2 မှာ အရင်မျိုးဆက်မှာလို 65W Wired Fast Charging ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာတွေနဲ့ အရှေ့ဘက်မှာ Punch Hole ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်နားမှာ Punch Hole ထည့်သွင်းမှာ ဖြစ်ပြီး အရမ်းမြန်တဲ့ 40W Wireless Charging ပါလာမှာက အထင်ကြီးစရာပါ။ OPPO က Charging Pad အသစ်ကိုပါ ကြေညာနိုင်ပါတယ်။

Reno Ace 2 မှာ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပြီး 5G X55 Modem ပါလာမှာပါ။ ၆.၅ လက်မ AMOLED မျက်နှာပြင်ထောက်ပံ့ထားပြီး Full HD+ Resolution ပါလာမှာပါ။ ပင်မ ကင်မရာက 48MP ဖြစ်ပြီး စုစုပေါင်း အနောက်ကင်မရာ ၄ လုံးထည့်သွင်းထားနိုင်ပြီး TENAA က စာရင်းအရ 8/128GB နဲ့ 12/256GB ၂ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: