Honor 30 Pro မှာ Kirin 990 5G Chipset ပါမှာ သေချာပြီ

Honor က စွမ်းရည်မြင့် 30 Series ဖုန်း ၂ လုံးကို ၁၅ ရက်နေ့မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ Honor 30 နဲ့ Honor 30 Pro တို့ ဖြစ်ပြီး အခုတော့ Pro Version ကို Geekbench မှာ တွေ့လာရပါပြီ။ သူ့မှာ စွမ်းရည်မြင့် Kirin 990 5G Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 8GB RAM ပါလာမှာ ဖြစ်ပြီး Android 10 မောင်းနှင်ထားမှာ ဖြစ်တဲ့အတွက် Magic UI 3.1 ဖြစ်နိုင်ပါတယ်။

တခြားက သတင်းတွေအရ Honor 30 မှာ Kirin 985 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး အဲဒီ SoC ကိုလည်း ခုထိ မကြေညာရသေးပါဘူး။ 5G Modem ပါလာနိုင်ပြီး EUV Process နဲ့ တည်ဆောက်ထားနိုင်ပါတယ်။ 990 ထက်တော့ စွမ်းရည်နိမ့်မှာ သေချာပေမယ့် အရမ်း ကွာခြားမှာ မဟုတ်ပါဘူး။

အရင်သတင်းတွေအရ Honor 30 နဲ့ 30 Pro မှာ 50MP Sony IMX700 Main ကင်မရာနဲ့အတူ တခြား ကင်မရာ ၃ လုံးပါလာမှာပါ။ အဲဒီထဲမှာ Periscope ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး မကြာခင်မှာ သူတို့ရဲ့ သတင်းအချက်အလက်တွေ ပိုသိလာရမှာပါ။

Ref : gsmarena

%d bloggers like this: