အနောက်ကင်မရာ ၄ လုံးပါတဲ့ Vivo Y50 ကို ကြေညာပြီ

Vivo Cambodia က Facebook ကနေ Y50 ကို ကြေညာလိုက်ပြီး ၂၅၀ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်ပါပြီ။ မြန်မာငွေ ၃ သိန်းခွဲလောက်ရှိပြီး ၁၁ ရက်နေ့မှာ ရောင်းမှာပါ။ Vivo Y50 မှာ ၆.၅၃ လက်မ 1080p မျက်နှာပြင် ပါလာပါတယ်။ Ultra O မျက်နှာပြင်လို့ ခေါ်ပြီး မျက်နှာပြင် ဘယ်ဘက်အထက်မှာ ဆဲလ်ဖီး ကင်မရာ အတွက် Punch Hole ၁ ခုပဲပါတာကို ဆိုလိုပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါလာပြီး 13MP Main , 8MP Ultrawide-angle , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီက တော်တော်လန်းပါတယ်။ အားသွင်းရင် ၊ ဒေတာကူးရင် မြန်တဲ့ USB-C Port တပ်ဆင်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Snapdragon 665 Chipset မောင်းနှင်ထားပြီး 8GB RAM , 128GB Storage ပါပါတယ်။ microSD Card Slot တပ်ဆင်ထားပြီး တရားဝင် ဝက်ဘ်ဆိုက်မှာ သူ့ကို စာရင်း မတင်ထားရသေးပါဘူး။ အနက်နဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: