Samsung Galaxy A51 5G ကို မကြာခင် ကြေညာနိုင်

Galaxy A51 ဟာ ကမ္ဘာအဝန်းမှာ ရောင်းအား လန်းနေပါတယ်။ Samsung က သူ့ရဲ့ 5G မော်ဒယ်ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး ဈေးသက်သာတဲ့ 5G ဖုန်း ဖြစ်လာမှာပါ။ အခုတော့ သူ့ရဲ့ သတင်းအချက်အလက်တွေ WiFi Alliance မှာတွေ့လာရတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Galaxy A51 5G မှာ WiFi 802.11 b/g/n/ac စံနှုန်းထောက်ပံ့ထားပြီး Android 10 မောင်းနှင်ထားမယ်လို့ ဖော်ပြထားတဲ့အတွက် One UI 2 ပါလာမှာ သေချာပါတယ်။ အခုတော့ WiFi Alliance မှာ ဒီသတင်းအချက်အလက်တွေကိုပဲ ဖော်ပြထားပါသေးတယ်။

အရင် သတင်းတွေအရ သူ့ရဲ့ အရွယ်အစားဟာ Galaxy A51 နဲ့ တူမှာ ဖြစ်ပြီး ၆.၅ လက်မ Super AMOLED မျက်နှာပြင် ပါလာမှာပါ။ L ပုံစံ အနောက်ကင်မရာနဲ့ Punch Hole ဒီဇိုင်း သုံးထားမှာပါ။ ရိုးရိုး A51 မှာ 5G Support မပါတဲ့ Exynos 9611 Chipset မောင်းနှင်ထားပါတယ်။ A51 5G မှာ Exynos 980 Chipset ပါလာနိုင်ပါတယ်။ ဒါမှမဟုတ် Exynos 5100 5G Modem ကို သီးခြားထည့်သွင်းထားနိုင်ပါတယ်။ Samsung နဲ့ Mediatek တို့ဟာ ဆွေးနွေးညှိနှိုင်းနေကြတဲ့အတွက် Mediatek Dimensity 1000 5G or 800 5G Chipset တွေလည်း ပါလာနိုင်ပါတယ်။ A51 5G မှာ 128GB Base Storage ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: