၂ လကြာ မြစ်ထဲရောက်နေတာတောင် မပျက်ဆီးတဲ့ iPhone 8

iPhone တွေရဲ့ ရေစိုခံစွမ်းရည်ဟာ တော်တော်လန်းတယ်လို့ ဆိုရမှာပါ။ ၂ လကြာ မြစ်ထဲရောက်နေတာတောင် မပျက်ဆီးတဲ့ iPhone 8 သတင်းကို တင်ဆက်ပေးချင်ပါတယ်။ ဗြိတိန်က အသက် ၂၉ နှစ်အရွယ် Thayse Bussolo-Vieira ဆိုသူ အမျိုးသမီးဟာ Thames မြစ်မှာ ငန်းတွေကို အစာကျွေးရင်း သူမရဲ့ iPhone 8 ဟာ မြစ်ထဲ ကျပျောက်သွားခဲ့ပါတယ်။

ဖုန်းထဲမှာ အမှတ်တရ ဓါတ်ပုံနဲ့ ဗီဒီယိုများစွာ ရှိပြီး Back Up မလုပ်ထားတဲ့အတွက် သူမဟာ ရေထဲဆင်းရှာဖို့တောင် စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ရေနက်တဲ့အတွက် သူမ လက်လျှော့ခဲ့ရပါတယ်။ နောက် ၂ လအကြာမှာတော့ မြစ်ကမ်းစပ်မှာ သူမရဲ့ iPhone 8 ကို ပြန်တွေ့ခဲ့ပါတယ်။ ၂ လကြာ မြစ်ထဲရောက်နေတဲ့ ဖုန်းဟာ မပျက်ဆီးဘဲ အကောင်းအတိုင်း ရှိနေသေးတာကို တွေ့လိုက်ရတဲ့ သူမဟာ အရမ်း ဝမ်းသာ အံ့ဩခဲ့ပါတယ်။

အရင်ကလည်း ၁၅ လကြာ မြစ်ထဲ ကျပျောက်နေတဲ့ iPhone ဟာ အကောင်းအတိုင်း ရှိနေသေးတဲ့ ဖြစ်ရပ် ၁ ခု ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် iPhone ဟာ ရေနစ်နေသူတွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဖြစ်ရပ်တွေတောင် ရှိခဲ့ဖူးပါတယ်။ Apple က iPhone 7 မှာ ရေစိုခံ စွမ်းရည်ကို စတင် ထည့်သွင်းပေးခဲ့ပြီး နောက်ဆုံးထုတ် iPhone တွေမှာတော့ အဲဒီစွမ်းရည်ဟာ ပိုလန်းလာပါတယ်။

Ref : gizmochina

%d bloggers like this: