Honor Play 4T Series ရဲ့ Key Specs တွေကို သိရပြီ

Honor Play 4T Series ကို ၉ ရက်နေ့မှာ ကြေညာနိုင်ပြီး Play 4T နဲ့ Play 4T Pro တို့ ဖြစ်ပါတယ်။ အခုတော့ Honor က ဝီဘိုမှာ သူတို့ရဲ့ Key Specs တွေကို မျှဝေလိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Kirin 810 နဲ့ 48MP Main ကင်မရာ ပါလာမှာ ဖြစ်ပြီး Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ သုံးထားမှာပါ။ အဲဒီ Specs တွေဟာ မကြာခင်က တရုတ် စတိုးတွေကနေထွက်ပေါ်ခဲ့ပြီး တူညီနေတာတွေ့ရပါတယ်။ အဲဒီအတွက် ကျန်တဲ့ Specs တွေလည်း တူညီနိုင်ပါတယ်။

Play 4T Pro မှာ ၆.၃ လက်မ OLED FHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာနဲ့ Notch မှာ 16MP ကင်မရာ တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 48MP Main , 8MP နဲ့ 2MP ကင်မရာ ၃ လုံးထည့်သွင်းထားမှာ ဖြစ်ပြီး 6/128GB နဲ့ 8/256GB ၂ မျိုးထုတ်လုပ်ထားမှာပါ။ အနက်၊ အစိမ်းနဲ့ ခရမ်းရောင် ၃ မျိုး ရွေးချယ်နိုင်မှာပါ။

Play 4T မှာတော့ ၆.၃၉ လက်မ HD+ IPS မျက်နှာပြင်၊ 8MP Punch Hole ကင်မရာ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားမှာပါ။ ရိုးရိုး လက်ဗွေရာ အာရုံခံ ကိရိယာပဲ ပါလာမှာပါ။

Ref : gsmarena

%d bloggers like this: