iPhone 9 ကို JD.com မှာ စာရင်းတင်ထားပြီ

သတင်းများစွာထွက်နေတဲ့ Apple ရဲ့ တန်ဖိုးနည်း iPhone 9 ကို JD.com မှာ စာရင်းတင်ထားပြီး ၁၅ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။ သူ့ကို အရင်က iPhone SE2 နာမည်နဲ့ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပြီး ခုနောက်ပိုင်းသတင်းတွေအရ iPhone SE(2020) လို့ ခေါ်မယ်လို့ သိရပါတယ်။ JD.com မှာတော့ iPhone 9 နာမည်ကို သုံးထားပါတယ်။

iPhone 9 အပြင် iPhone 9 Plus ပါထွက်လာနိုင်တယ်လို့လည်း သတင်းထွက်နေပါတယ်။ iOS 14 က Code တွေမှာ ၅.၅ လက်မ မျက်နှာပြင်ပါတဲ့ မော်ဒယ်ကို မြင်ရတယ်လို့ ပြောပြီး အဲဒါဟာ iPhone 9 Plus ဖြစ်နိုင်ပါတယ်။ iPhone 9 မှာတော့ ၄.၇ လက်မ မျက်နှာပြင် ပါမယ်လို့ အရင်ထဲက သတင်းထွက်နေတာပါ။

iPhone 9 Plus ရဲ့ Specs အများစုဟာ iPhone 9 နဲ့ တူမှာပါ။ iPhone 9 မှာ Touch ID ကို Home Button မှာ မြှပ်နှံထားမှာ ဖြစ်ပြီး အရင်ကတော့ Face ID ပဲသုံးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ iPhone 9 LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Full Screen Design မဟုတ်ပါဘူး။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာပါ။

iPhone 11 Series မှာလို A13 Bionic Chip မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB RAM LPDDR4X RAM နဲ့ 64/128GB Storage တွေ ပါလာမှာပါ။ Space Gray , Silver နဲ့ Red အရောင်တွေ ထုတ်လုပ်ထားမှာဖြစ်ပြီး iPhone 9 ဟာ ဒီဇိုင်းပိုင်းမှာ iPhone 8 ကို အခြေခံတည်ဆောက်ထားတာလို့ သတင်းထွက်နေပါတယ်။

ref : gsmarena

%d bloggers like this: