30W Fast Charger ပါတဲ့ Meizu 17 ကို ၁၅ ရက်နေ့မှာ ကြေညာနိုင်

Meizu ဟာ သက်တမ်း ၁၇ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့် ဖုန်း ကုမ္ပဏီ ဖြစ်ပြီး ၁၇ နှစ်ပြည့် မွေးနေ့အတွက် အထူးထုတ် Meizu 17 ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ သူ့ရဲ့ Protective Sheet ထွက်ပေါ်လာပြီး ဒီလ ၁၅ ရက်နေ့မှာ ကြေညာမယ်ဆိုတဲ့ အထောက်အထားတွေတွေ့လာရပါတယ်။ သူဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်ပြီး 30W Fast Charger ထည့်သွင်းထားမှာပါ။

အရင်သတင်းတွေအရ သူ့မှာ အလန်းစား 90Hz Refresh Rate ထောက်ပံ့တဲ့ OLED မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 90Hz Refresh Rate က ဂိမ်းကစားရင် အရမ်းကို ချောမွတ်မြန်ဆန်မှာ ဖြစ်ပါတယ်။ 5G Modem ပါတဲ့ အလန်းစား Snapdragon 865 Chipset မောင်းနှင်ထားမှာပါ။ အနောက်ကင်မရာ ၃ လုံး၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Android 10 အခြေပြု FlymeOS တွေ ထည့်သွင်းထားနိုင်ပါတယ်။

Meizu က အခုခေတ်စားနေတဲ့ Punch Hole နဲ့ Notch ကို မသုံးဘဲ အရင်က ဒီဇိုင်းကိုပဲ ခေါင်းမာမာနဲ့ သုံးနေခဲ့တာ နှစ်အနည်းငယ်ရှိနေပါပြီ။ အခုတော့ Meizu 17 မှာ အဲဒီလမ်းစဉ်ကို ပြောင်းလဲတော့မှာပါ။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ Meizu 17 မှာ Punch Hole ပါလာပါတယ်။ ဘက်ထရီ ပမာဏပြပေးတဲ့ LED Ring Indicator နဲ့ ကင်မရာကို ပိတ်ထားပါတယ်။ အားပမာဏပေါ်မူတည်ပြီး မတူညီတဲ့ အရောင်တွေ ပြသပေးမှာပါ။ သူ့မှာ FHD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 1080x2206p Resolution ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: