မတ်လမှာ AnTuTu ရဲ့ စွမ်းရည်အမြင့်ဆုံး ဖြစ်လာတဲ့ OPPO Find X2 Pro

တရုတ် Benchmarking Platform AnTuTu က လစဉ် စွမ်းရည်အမြင့်ဆုံး ဖုန်းစာရင်းကို ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ အခုလည်း မတ်လအတွက် ကြေညာလိုက်ပြီး Snapdragon 865 ပါတဲ့ OPPO Find X2 Pro က နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ ပျမ်းမျှ အမှတ် ၆ သိန်းကျော်တဲ့ ၁ လုံးထဲသော ဖုန်းလည်း ဖြစ်ပါတယ်။

AnTuTu ရဲ့ မတ်လအတွက် စွမ်းရည်အမြင့်ဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ နံပါတ် ၁ နေရာကို OPPO Find X2 Pro ၊ နံပါတ် ၂ နေရာကို Xiaomi Mi 10 Pro နဲ့ နံပါတ် ၃ နေရာကို Find X2 တို့ သိမ်းပိုက်ထားပါတယ်။ အဲဒီ ဖုန်းအားလုံးမှာ UFS 3.0 Storage နဲ့ LPDDR5 RAM ထည့်သွင်းထားတာကြောင့်လည်း ဒီလို စွမ်းဆောင်ရည်ကောင်းနေတာပါ။

AnTuTu က မတ်လအတွက် အကောင်းဆုံး စွမ်းရည်သင့် ဖုန်း ၁၀ လုံး စာရင်းကိုလည်း ကြေညာလိုက်ပြီး OPPO Reno3 5G က နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ သူ့မှာ Dimensity 1000L Chipset မောင်းနှင်ထားပါတယ်။ သူ့နောက်မှာ Exynos 980 ပါတဲ့ Vivo X30 5G နဲ့ Snapdragon 765 ပါတဲ့ Redmi K30 5G တို့ ရှိနေပါတယ်။

Ref : gsmarena

%d bloggers like this: