48MP Quad ကင်မရာ ပါတဲ့ Vivo V19 ကို ကြေညာ

Vivo က V19 ကို ပြီးခဲ့တဲ့ လက ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် ဗိုင်းရက်စ်ကြောင့် နောက်ကျခဲ့ပါတယ်။ အခုတော့ သူ့ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး ၆.၄၄ လက်မ Full HD+ Super AMOLED Ultra-O မျက်နှာပြင် ပါလာပါတယ်။ 2400x1080p Resolution ရှိပြီး Snapdragon 712 SoC မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 256GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ အရှေ့နဲ့ အနောက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။

အနောက်ဘက်မှာ 48MP Main, 8MP Ultrawide Angle , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာ ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားပြီး 32MP နဲ့ 8MP Ultrawide တွေ ဖြစ်ပါတယ်။ Dual Punch Hole မျက်နှာပြင်ပါတဲ့ Vivo ရဲ့ ပထမဆုံး ဖုန်းဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမှာပါ။

Copper Tube Liquid Cooling ပါတဲ့အတွက် ဂိမ်းကစားရင် အပူချိန် လျှော့ချပေးပါတယ်။ Android 10 အခြေပြု Funtouch OS 10 မောင်းနှင်ထားပြီး 33W FlashCharge 2.0 ပါတဲ့ 4,500mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Vivo V19 specifications

• 6.44-inch (2400 × 1080 pixels) Full HD+ 20:9 E3 Super AMOLED 2.5D curved glass display with 100% DCI-P3 color gamut, up to 800 nits brightness under sunlight
• Octa Core Snapdragon 712 10nm Mobile Platform (Dual 2.3GHz Kryo 360 + Hexa 1.7GHz Kryo 360 CPUs) with Adreno 616 GPU
• 8GB LPDDR4x RAM, 128GB / 256GB UFS 2.1 storage, expandable with microSD
• Android 10 with Funtouch OS 10
• Dual SIM (nano + nano + microSD)
• Rear: 48MP (f/1.79 primary) + 8MP (f/2.2 wide-angle) + 2MP (f/2.4 depth) + 2MP (f/2.4 macro)
• Front: 32MP (f/2.0 primary) + 8MP (105° wide-angle f/2.2)
• In-display fingerprint sensor
• 3.5 mm audio jack, FM Radio
• Dimensions: 159.64 x 75.04 x 8.5 mm; Weight: 186.5g
• Dual 4G VoLTE, Wi-Fi 802.11 ac dual-band, Bluetooth 5, GPS/GLONASS, USB Type-C port
• 4500mAh (typical) battery with 33W vivo FlashCharge 2.0 fast charging

Sleek Silver နဲ့ Gleam Black ၂ ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၂၆၀ ဒေါ်လာနဲ့ 8/256GB ကို ၃၀၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၆ သောင်းနဲ့ ၄ သိန်း ၄ သောင်းလောက် ရှိပြီး မကြာခင် ရောင်းနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: