Samsung Galaxy S10 နဲ့ Note10 အတွက် One UI 2.1 ရပြီ

Samsung ရဲ့ နောက်ဆုံးထုတ် One UI ကို Galaxy S10 နဲ့ Galaxy Note10 ဖုန်းတွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ One UI 2.1 ဖြစ်ပြီး Galaxy S20 Series ရဲ့ လုပ်ဆောင်ချက် အသစ်တွေ ထည့်ထားပါတယ်။ Firmware Versions တွေက Galaxy S10 နဲ့ Galaxy Note10 အတွက် G97xU1UEU3DTC9 နဲ့ N97xU1UEU3CTC9 အသီးသီး ဖြစ်ပါတယ်။ ပထမ ၁ ခုရဲ့ အရွယ်အစားက 1.4GB ဖြစ်ပြီး နောက် ၁ ခုက 1.6GB ဖြစ်ပါတယ်။

Changelog မှာ လုပ်ဆောင်ချက် အသစ်တွေ ဖော်ပြထားပြီး Single Take, Pro Mode Video Recording , AR Zone နဲ့ My Filters တွေ ပါပါတယ်။ ဒါ့အပြင် အရှေ့ကင်မရာကနေ 1080p နဲ့ 2160p Videos တွေကို 60fps နဲ့ ရိုက်ကူးနိုင်လာပါတယ်။ Quick Share နဲ့ Music Share လုပ်ဆောင်ချက်တွေလည်း ပါပါတယ်။

Update မှာ ဧပြီလအတွက် Google ရဲ့ Security Patch လည်း ထည့်သွင်းထားပါတယ်။

Ref : gsmarena

%d bloggers like this: