4G Android ဖုန်းတွေ လာမယ့်လတွေအတွင်း ဈေးအရမ်းကျသွားနိုင်

Xiaomi Industry Investment ဌာနရဲ့ ပါတနာ ၁ ယောက်ဖြစ်တဲ့ Pan Jiutang က 4G Android ဖုန်းတွေ လာမယ့်လတွေအတွင်း ဈေးအရမ်းကျသွားနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒီလို ဈေးကျသွားဖို့ အကြောင်းအရင်းများစွာရှိပြီး အဲဒီထဲက ၁ ခုက တရုတ်မှာ iPhone 11 Series တွေကို ဈေးအရမ်းချလိုက်လို့ ဖြစ်ပါတယ်။

တရုတ် ဖုန်း ကုမ္ပဏီတွေဟာ iPhone 11 Series ကို လိုက်ဖိုက်ဖို့ဆိုရင် စွမ်းရည်မြင့် ဖုန်းတွေရဲ့ ဈေးကို ချရမှာပါ။ ဒါ့အပြင် တရုတ်မှာ 5G ကွန်ရက်တွေ ပိုကောင်းလာတဲ့အတွက် 5G ဖုန်းတွေ ပိုဝယ်လာကြတဲ့အတွက်လည်း 4G ဖုန်းတွေ ဈေးကျလာမှာပါ။ အခုဆိုရင် ဈေးသင့်တဲ့ 5G ဖုန်းတွေတောင် ပေါ်လာပါပြီ။

ဈေးကျမယ့် တတိယ အကြောင်းပြချက်က ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကြောင့်ပါ။ ဥရောပ ၊ တောင်နဲ့ မြောက် အမေရိကလို နိုင်ငံကြီးတွေမှာ ဗိုင်းရက်စ်ကြောင့် ဖုန်း ဝယ်လိုအား ကျနေပါတယ်။ အဲဒါကြောင့်လည်း ကုမ္ပဏီတွေဟာ ဈေးချပြီး အပြိုင်အဆိုင်ရောင်းရတော့မှာပါ။ အဲဒါကြောင့်လည်း Apple ဟာ တရုတ်မှာ ဖုန်းဈေးချရောင်းခဲ့တာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ iPhone အသစ်တွေ ကြေညာဖို့ စီစဉ်နေပါတယ်။

Ref : gsmarena

%d bloggers like this: