5,000mAh ဘက်ထရီ ပါတဲ့ Redmi 8A Pro ကို ကြေညာပြီ

Redmi က Dot Notch မျက်နှာပြင် ပါတဲ့ Redmi 8A Dual ကို ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး အခုတော့ အင်ဒိုနီးရှားမှာ Redmi 8A Pro ကို ချပြလိုက်ပါတယ်။ Redmi 8A Pro မှာ ၆.၂၂ လက်မ HD+ 19:9 Aspect Ratio မျက်နျာပြင် ပါလာပြီး Dot Drop Notch နဲ့ Gorilla Glass 5 တွေ ထည့်ထားပါတယ်။ Octa-core Snapdragon 439 SoC မောင်းနှင်ထားပြီး 3GB RAM ပါပါတယ်။ Android Pie အခြေပြု MIUI 11 ပဲ ပါတာက သိပ်မမိုက်ပါဘူး။

အနောက်ဘက်မှာ 13MP နဲ့ 2MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါပါတယ်။ လက်ဗွေရာ ကိရိယာ မပါဘဲ Face Unlock ပဲ ပါပါတယ်။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားပြီး Aura X Grip ဒီဇိုင်း ပါပါတယ်။ 18W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီက တော်တော်လန်းပြီး တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။

Redmi 8A Pro specifications

• 6.22-inch (1520 × 720 pixels) HD+ 19:9 2.5D curved glass display with 70.8% NTSC color gamut, 15001 contrast ratio, 270 PPI, Corning Gorilla Glass 5 protection
• Octa-Core (Quad 1.95GHz Cortex A53 + Quad 1.45GHz Cortex A53) Snapdragon 439 Mobile Platform with Adreno 505 GPU
• 2GB / 3GB LPDDR3 RAM with 32GB eMMC 5.1 storage, expandable memory up to 512GB with microSD
• Android 9.0 (Pie) with MIUI 11
• Dual SIM (nano + nano + microSD)
• 13MP rear camera with LED flash, f/2.2 aperture, 2MP secondary camera with f/2.4 aperture
• 8MP front-facing camera with f/2.0 aperture
• Splash resistant (P2i coating)
• 3.5mm audio jack, Wireless FM Radio
• Dimensions: 156.48×75.41×9.4mm; Weight: 188g
• Dual 4G VoLTE, WiFi 802.11 b/g/n with VoWiFi, Bluetooth 4.2, GPS + GLONASS, USB Type-C
• 5000mAh (typical) battery with 18W fast charging

Redmi 8A Pro အတွက် Midnight Grey , Sea Blue နဲ့ Sky White အရောင်တွေ ထုတ်လုပ်ထားပြီး 2/32GB ကို အင်ဒိုနီးရှား ရူပီး ၁၅၄၉၀၀၀ နဲ့ 3/32GB ကို ၁၆၄၉၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၃ သောင်းနဲ့ ၁ သိန်း ၄ သောင်းလောက်ပဲ ကျသင့်မှာဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ အင်ဒိုနီးရှားမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: