၁၄ ရက် အသုံးခံတဲ့ Redmi Band ကို ကြေညာပြီ

Xiaomi က Redmi ရဲ့ ပထမဆုံး စမတ်လက်ပတ်ကို ကြေညာလိုက်ပါတယ်။ Redmi Band လို့ နာမည်ပေးထားပြီး ၁.၀၈ လက်မ လေးထောင့် မျက်နှာပြင် ပါလာပါတယ်။ အားအပြည့်သွင်းထားရင် ၁၄ ရက်လောက် အသုံးခံပြီး အားသွင်းတဲ့ Port တပါထဲ ပါတဲ့အတွက် အားသွင်းကြိုးတွေ မလိုတော့ပါဘူး။ ပီစီနဲ့ လက်ပ်တော့တွေနဲ့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ဆန်ဆာ တပ်ဆင်ထားပြီး လေ့ကျင့်ခန်းလုပ်တာ၊ အိပ်စက်မှု အခြေအနေတွေကိုပါ တွက်ချက်ပေးပါတယ်။ သင် ကိုယ်လက်လှုပ်ရှားမှု နည်းနေရင် သူက အသိပေးနိုင်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ ဒီ ရေစိုခံနှုန်းက Mi Band 4 နဲ့ တူပါတယ်။

Redmi Band အတွက် အနက်၊ အပြာ၊ အစိမ်းနဲ့ လိမ္မော်ရောင်‌တွေ ထုတ်လုပ်ထားပြီး ၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၉ သောင်းလောက်ရှိပြီး တရုတ်မှာ ၉ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: