၆.၅ လက်မ Max Vision မျက်နှာပြင်နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Motorola Moto G8 Power Lite ကို ကြေညာ

Motorola က Moto G8 Power Lite ကို ကြေညာလိုက်ပြီး ၆.၅ လက်မ HD+ Max Vision မျက်နှာပြင် ပါလာပါတယ်။ MediaTek Helio P35 Processor မောင်းနှင်ထားပြီး 4GB RAM , Android 9.0 Pie ထည့်ထားပါတယ်။ အနောက်ဘက်မှာ 16MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားပြီး လက်ဗွေရာ ကိရိယာ ပါပါတယ်။ Dual SIM နဲ့ microSD Slots ထောက်ပံ့ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီက သူ့ရဲ့ အလန်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ 10W Charging နဲ့ microUSB Port ပဲ ပါတာက သိပ်မမိုက်ပါဘူး။

Moto G8 Power Lite specifications

• 6.5-inch (1600×720 pixels) HD+ 20:9 aspect ratio LCD screen
• Octa Core MediaTek Helio P35 12nm processor (ARM Cortex A53 CPU) with IMG PowerVR GE8320 GPU
• 4GB LPDDR4x RAM, 64GB (eMMC 5.1) storage, expandable memory up to 256GB with microSD
• Dual SIM
• Android 9 (Pie)
• 16MP rear camera with LED flash, f/2.0 aperture, 2MP macro sensor and 2MP depth sensor with f/2.4 aperture, 1.75µm pixel size
• 8MP front-facing camera with f/2.0 aperture
• Fingerprint sensor
• 3.5mm audio jack, FM Radio
• Splash resistant
• Dimensions: 164.94 x 75.76 x 9.2mm; Weight: 200g
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.2, GPS + GLONASS, micro USB port
• 5000mAh battery with 10W Rapid Charging

Moto G8 Power Lite အတွက် Royal Blue နဲ့ Arctic Blue အရောင်တွေ ထုတ်လုပ်ထားပြီး ဂျာမနီနဲ့ မက္ကဆီကိုမှာ မကြာခင် ရောင်းမှာပါ။ ၁၈၅ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၆ သောင်းလောက်ရှိပါတယ်။

Ref : fonearena

%d bloggers like this: