Xiaomi က Mi Kids Watch 4 နဲ့ 4 Pro ကို ကြေညာ

Xiaomi က ကလေးတွေအတွက် စမတ်နာရီ အသစ် ၂ လုံးကို ကြေညာလိုက်ပြီး Mi Kids Watch 4 နဲ့ 4 Pro လို့ နာမည်ပေးထားပါတယ်။ သူတို့မှာ ၁.၇၈ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Watch Faces များစွာ ရွေးချယ်နိုင်ပါတယ်။ 4G VoLTE Calling အတွက် eSIM ထောက်ပံ့ထားပါတယ်။ တရုတ်က နာမည်ကျော် မိုဘိုင်း အော်ပရေတာတွေက eSIM ကို ထောက်ပံ့ထားပါတယ်။ စမတ်နာရီမှာ GPS ပါလာပြီး အရှေ့နဲ့ အနောက်မှာကင်မရာ ၁ လုံးစီ ပါတဲ့အတွက် Video Call နဲ့ Selfie တွေ ရိုက်ကူးနိုင်ပါတယ်။

Xiaomi Mi Kids Watch 4 specifications

• 1.78-inch (368 x 448 pixels) AMOLED 326PPI display with Corning Gorilla Glass 3 protection
• Compatible with Android 4.2 or later and iOS 8 or later
• Activity and Sleep tracking
• Swim Proof (up to 20m)
• 5MP rear camera
• 5MP front camera
• 4G VoLTE (via eSIM), Wi-Fi 802.11 b/g/n, Bluetooth 4.2 LE, GPS+GLONASS+BEIDOU, NFC
• Speaker, microphone
• 920mAh battery with up to 8 days battery life

Xiaomi Mi Kids Watch 4 Pro specifications

• 1.78-inch (368 x 448 pixels) AMOLED 326PPI display with Corning Gorilla Glass 3 protection
• Qualcomm Snapdragon Wear 2500 Platform
• 1GB RAM, 8GB eMMC
• Compatible with Android 4.2 or later and iOS 8 or later
• Activity and Sleep tracking
• Swim Proof (up to 20m)
• 8MP rear camera with f/2.2 aperture, 84.9° FOV
• 5MP front camera with f/2.4 aperture, 82° FOV
• 4G VoLTE (via eSIM), Wi-Fi 802.11 b/g/n, Bluetooth 4.2 LE, GPS (L1 + L5), NFC
• Speaker, microphone
• 920mAh battery with up to 5 days battery life

Mi Kids Watch 4 နဲ့ 4 Pro အတွက် အပြာနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားပြီး ရိုးရိုးမော်ဒယ်ကို ၉၀၀ ယွမ်နဲ့ Pro ကို ၁,၃၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၈ သောင်းနဲ့ ၂ သိန်း ၆ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : fonearena

%d bloggers like this: