Samsung Galaxy A10s အတွက် Android 10 ရပြီ

Android 10 Update ရသွားတဲ့ နောက်ထပ် Samsung စမတ်ဖုန်း ၁ လုံးက တန်ဖိုးနည်း Galaxy A10s ဖြစ်ပါတယ်။ သူ့ကို ၂၀၁၉ ခုနှစ် ဩဂုတ်လက ရောင်းပေးခဲ့တာ ဖြစ်ပြီး အခုတော့ Android 10 အခြေပြု One UI 2.0 Update ကို မလေးရှားမှာ ရနေပြီ ဖြစ်ပါတယ်။ မကြာခင်မှာ တခြားနိုင်ငံတွေအတွက် တိုးချဲ့ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Samsung Galaxy A10s အတွက် Android 10 Update ရဲ့ မော်ဒယ်နံပါတ်က A107FXXU5BTCB ဖြစ်ပြီး မတ်လအတွက် Security Patch လည်း ပါလာပါတယ်။ Firmware Update အသစ်မှာ Privacy နဲ့ Security တွေ ပိုကောင်းလာသလို Gesture Navigation ပိုလန်းလာပါတယ်။ Digital Wellbeing လို့ခေါ်တဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Ref : gsmarena

%d bloggers like this: