၂၀၂၁ ဇွန်လ မတိုင်ခင်အထိ Microsoft က ပွဲအားလုံးကို အွန်လိုင်းကနေ ကျင်းပမည်

ကိုရိုနာဗိုင်းရက်စ်ကြောင့် နည်းပညာကုမ္ပဏီတွေရဲ့ ပွဲအခမ်းအနားတွေ၊ ထုတ်ကုန် မိတ်ဆက်ပွဲတွေကို ဖျက်သိမ်းနေကြရပါတယ်။ အခုလည်း Microsoft က ပွဲအခမ်းအနားတွေ ကျင်းပမယ့် မူဝါဒကို ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ ၂၀၂၀ ခုနှစ် ၁ နှစ်လုံးမှာ ကုမ္ပဏီရဲ့ ပွဲအခမ်းအနားတွေကို အွန်လိုင်းကနေပဲ ကျင်းပမှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ၁ နှစ်ထဲ မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရက်စ်ဟာ နောက်နှစ်အထိပါ အကျိုးသက်ရောက်မှုတွေ ရှိနေဦးမယ့်အတွက် Microsoft က ၂၀၂၁ ခုနှစ် ဇွန်လ မတိုင်ခင်အထိ ပွဲအခမ်းအနားအားလုံးကို အွန်လိုင်းကနေပဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။

အဲဒီပွဲ အခမ်းအနားတွေထဲမှာ Ignite The Tour , MVP Summit 2021 နဲ့ Build 2021 တို့ ပါဝင်ပါတယ်။ Microsoft ဟာ ပြီးခဲ့တဲ့ လက ဆီယေတယ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ MVP Summit 2020 ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ လတ်စ်ဗီးဂတ်စ်မှာ ဇူလိုင်တွင် ကျင်းပဖို့ စီစဉ်ထားတဲ့ Inspire 2020 ကိုလည်း အွန်လိုင်းကနေပဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: