အူရီဒူးမြန်မာမှ COVID-19 ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ်ခြင်းခံထားရသော ပြည်သူများကို ပံ့ပိုးကူညီရန် ဒေတာပါရှိသည့် ဆင်းကတ်များအား လှူဒါန်း

ရန်ကုန်၊ မြန်မာ။

လူမှုပတ်ဝန်းကျင်ကို တာဝန်သိတတ်သော မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတစ်ခု
ဖြစ်သည့် အူရီဒူးမြန်မာသည် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက်
ပံ့ပိုးကူညီမှုပြုလုပ်ပေးနေသည့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ကူညီပေးရန်အတွက်
အူရီဒူးဆင်းကတ် ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းထံသို့
ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ပါသည်။


COVID-19 ရောဂါကြုံတွေ့နေရသည့် ကာလအတွင်းမှာ အူရီဒူးမြန်မာအနေဖြင့် မြန်မာပြည်သူများကို
အန္တရာယ်ကင်းစွာဖြင့် အချင်းချင်း အဆက်အသွယ်မပြတ်စေဘဲ
ဆက်သွယ်ချိတ်ဆက်ပေးလိုပါသည်။ ထို့ကြောင့် အူရီဒူးမြန်မာကနေပြီး
အသွားအလာကန့်သတ်ခြင်းအတွက် သတ်မှတ်ထားသော နေရာများတွင်
နေထိုင်ရသူများအသုံးပြုနိုင်ရန် ရက် ၆၀ သက်တန်းရှိ ၁GB ပမာဏ အခမဲ့ဒေတာ နှင့် TopUp
များပါရှိသည့် ဆင်းကတ် ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ပေးအပ်ပြီး
ကူညီလှူဒါန်းခဲ့ပါသည်။
ရောဂါကာကွယ်ရေးအတွက် အသွားအလာကန့်သတ်ခြင်း ခံထားရသူများအနေဖြင့်
မိသားစုမိတ်ဆွေများနှင့် ဆက်သွယ်နိုင်ရန် နှင့် အသွားအလာကန့်သတ်ခြင်းအချိန်
ကျော်လွန်ပြီးမြောက်သွားသည့် အခါတွင်လည်း တာဝန်ရှိများမှ ၎င်းတို့အား အလွယ်တကူ
ဆက်သွယ်နိုင်ရန်အတွက် ဆင်းကတ်များကို ယခုကဲ့သို့ ကူညီလှူဒါန်းပေးခြင်းဖြစ်ပါသည်။

%d bloggers like this: